●○●3●○●

228 34 2
                                    

"အဖေ "

"ပြော "

စာရင်းတွေ လုပ်နေရာက မော့မကြည့်

ရုံးခန်းထဲလာပြီး စားပွဲပေါ်ခြေထောက်တင်ထားတဲ့သားကို မနိုင်လို့သာကြည့်နေရတာ

"သားကို အတန်းပြောင်းပေး"

"တော် မင်းပြန်လာချင်တယ်ဆိုလို့ ငါပြန်ခေါ်ပြီးပြီ ခု ဆရာတွေနဲ့ တစ်ယောက်ချင်းသင်ပေးနေတာတောင်ဘာထပ်လိုချင်သေးလို့လဲ "

"အတန်းမှာပဲ တတ်ချင်တယ်ဗျာ "

"မင်းပြသနာရှာဦးမို့လား ငါChanwoo လေးကို မျက်နှာပူတယ် သူ့ခမျာ မင်းပြသနာရှာတိုင်း လာတိုင်နေတာ "

"သူ့ဘာသာ မနေနိုင်မထိုင်နိုင်လာတိုင်တာလေ "

"သားလိမ္မာပါ့မယ် "

"နော်အဖေ "

"အေးကွာ ပြောင်း ငါအချိန်မရွေးပြန်ထုတ်မှာနော် မင်းအချိုးမပြေရင် "

"ဟုတ် "

"အဖေ "

"ဘာလဲကွာ "

"အချစ်ကဘာလဲ "

"ငါအလုပ်ရှုပ်နေတယ် Woo Bin. "

"အချစ်က ရယူခြင်းလား ပေးဆပ်ခြင်းလား "

"မင်းချစ်သူရနေပြီလား "

"ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်ရင် ဘာလုပ်ရမလဲ "

"ကိုယ့်မချစ်တဲ့သူကို အတင်းပိုင်ဆိုင်ချင်တာ အချစ်မဟုတ်ဘူး"

"ကျွန်တော်က အဲ့လိုမှလိုချင်တာ "

.............................

"ဘာ "

"Woo Bin က "

"ဘာကြီး "

အကုန်လုံ မကျေမနပ်သံတွေ ထွက်လာကြတယ်

Woo bin ဆိုတာ ကျောင်းအာပ်ရဲ့ တစ်ဦးတည်းသော သား

အရင်က Singapore မှာ ကျောင်းတက်ခဲ့သူ

တော်လွန်းလို့တော့မဟုတ် ဆိုးလွန်းလို့ ပို့ထားတာ

အရင်က သူ့ဒဏ် မခံနိုင်လို့ ကျောင်းပြောင်းပြေးရသူတွေအများကြီး

သူ Singapore ထွက်သွားမှ သူတို့ သက်သာရာရတာ

ခုပြန်လာမယ်တဲ့ ဝင်တော့လဲ jin တို့အခန်း

မျက်ရည်သီးသော အလွမ်းသစ်ပင် Tahanan ng mga kuwento. Tumuklas ngayon