" LuHan ရေ LuHan ..."
အိမ်ရှေ့ခြံထဲကနေ အသားကုန်
ပွမ်ကာကုန်းအော်နေတဲ့ TaeYeonကြောင့်
ဖတ်လက်စ သတင်းစာကို ချပြီး
အမြန်ခြံထဲဆင်းလာရတယ်။
နို့မို့ဆို ရပ်ကွက်ကခဲနဲ့ပေါက်တော့မယ်" ဘာလဲဟ လူကအားတာမဟုတ်ဘူး"
LuHanရဲ့စကားကြောင့် Taeyeonမ
မျက်နှာမဲ့ရွဲ့သွားပြီးပြန်ပက်လိုက်တယ်" ၁၀၉ ၁၁၀ ကများ ကြီးကြီးကျယ်ကျယ် "
" သူကျတော့ မိဘလုပ်စားနေပြီးတော့ "
" Blash Blash 😝😝"
Taeyeonနဲ့LuHan ဆိုတာအဲ့သလို
ချစ်ကြတဲ့မောင်နှမတွေပါ။အသက်က၂
နှစ်ပဲကွာပေမယ့် နင်တွေငါတွေနဲ့သာချသည်
နှစ်ယောက်သားမျက်နှာချင်းဆိုင်ရင်
အနည်းဆုံး၁၅မိနစ်လောက်သာတည့်ပြီး၊
ပြီးရင်တော့ထသတ်ကြသည်။ LuTae
နှစ်ယောက်ရန်ဖြစ်ပြီးနောက်" ငါနင့်ကိုပြမလို့ ခေါ်တာ .. ဟိုမှာကြည့်စမ်း "
LuHan လည်း Taeyeon လက်ညိုးပြရာ
ကြည့်လိုက်တော့ ခြံထောင့် အုတ်တံတိုင်း
အောက်မှာ အနည်းငယ်တူးဆွထားလို့
အပေါ်မှာခပ်လက်လက်လေးမြင်နေတဲ့
ရွှေရောင်အချောင်းတစ်ချောင်း ဘာကြီးမှန်း
တော့မသိ ငယ်ငယ်ကသူဆော့တဲ့
မြောက်များစွာသောအရုပ်အပျက်တွေ
ထဲကတစ်ရုပ်ရုပ်နေမှာပေါ့လို့သာ ခပ်ပေါ့ပေါ့
တွေးမိလိုက်တယ်" omm အာ့ဖြစ်လဲ အချောင်းတစ်ချောင်း
အတွက်နဲ့များ အရေးတကြီး "TaeYeonရပ်နေရာကဆောင့်ကြောင့်
ချလိုက်ပြီး လက်နဲ့အသာတူးကြည့်ရင်း" ငှယ် .. အရုပ်တစ်ရုပ်အတွက်နဲ့တော့
ငါအပင်ပန်းခံပါ့မလားဟဲ့ .. သေချာကြည့်
ရွှေချောင်းဖြစ်နေရင် ??? "LuHanရဲ့သမင်မျက်လုံးများလက်သွားတယ်
မောင်နှမနှစ်ယောက် တစ်ယောက်ကို
တစ်ယောက် အဓိပ္ပါယ်အပြည့်နဲ့ကြည့်
လိုက်ပြီး ( Evilအဓိပ္ပါယ် LoL )ခဏကြာသောအခါ ...
" TaeYeonရဲ့ ဆွဲပါဟ .. "
" အောင်မာ .. နင်ကျတော့ ..
တစ်ချိန်လုံး Manly . SangNamJa
အသေအော်နေပြီး ဒါလေးတောင်မဆွဲနိုင်
ဘူး "