" အဲ့တော့ ငါကနင့်ရဲ့အဖြစ်မရှိတဲ့
ပေတေတေ Genie ကိုမောင်းထုတ်ပေး
ရမယ်ပေါ့ ..."တစ်နေ့လုံးနီးပါးမေ့နေပြီးနောက်တစ်နေ့ မနက်လေးနာရီလောက်ကြီး
နိုးလာပြီး LuHan ရဲ့ ဖြစ်ကြောင်း
ကုန်စင်ကို မအီမသာရုပ်နဲ့နားထောင်
နေရင်းကနေ TaeYeon ထမေးလိုက်တယ်" ဟဲ့ .. တိုးတိုးပြောပါ ကြားသွားဦးမယ် "
TaeYeonကLuHanကိုနှာခေါင်းရှုံ့
ပြတယ် ။ ဆိုလိုချင်တာက သူမလုပ်ပေး
နိုင်ဘူးဆိုတဲ့သဘော .. LuHanပြောတာ
မှားနေလို့လား ? သူကတဲ့ဇာတ်
သူနိုင်အောင်ထိန်းရမှာပေါ့ .." အမေသာပြန်လာရင် ငါတို့သေလိမ့်
မယ် .. "" ငါတို့ ဟုတ်လား ? no no ငါ မပါ ပါဘူး .. LuHan နင်မီးခွက်ကိုပွတ်လိုက်လို့
နင့်ရဲ့ Genie ဆိုလားဘာလားက
ထွက်လာတာလေ .. အမေပြန်လာရင်
ငါက Fany လေးအိမ်မှာ သွားအိပ်မှာ .."ငိုးမ ...
LuHan စိတ်ထဲကနေ ကြိတ်ပြီး
ကျိန်ဆဲလိုက်တယ် ။ ဘယ်နှယ့် လုပ်တုန်းက
နှစ်ယောက်အတူတူမွှေထားပြီးတော့
LuHanကျတရားခံအဖြစ်လွှဲချပြီး
သူကျတော့ လွတ်ရာကျွတ်ရာ သူ့ဟာမ
Fanyဆီသွားပုန်းမယ်ပေါ့ မရဘူးလေ
လုံးဝမရဘူး !" အေးသွားပေါ့ .. နင်LuXiOnခိုးကြည့်
တာတွေ SMကပစ္စည်းအသစ်တေ
ဝယ်တာတေကြောင့် အမေပေးထားတဲ့
မုန့်ဖိုးတစ်လစာတစ်ပတ်တည်းနဲ့
ကုန်သွားတာတွေ ငါလည်းဖော်မှာပေါ့ .."TaeYeon မျက်လုံးပြူးသွားတယ်
ဟင်းဟင်း LuHan လေ တစ်Hanပဲ
ရှိတာ နှစ်Hanရှိကျိ Hanမြစ်ထဲ
သွားပစ်ချပစ်လိုက်မယ် ဟင်းဟင်းရုတ်တရက် TaeYeonဝုန်းကနဲ
အိပ်ရာပေါ်ကနေထလိုက်ပြီးသူ့ဖုန်း
တွေရယ် ပိုက်ဆံတွေရယ် Mask တွေရယ်
LightStick တေရယ် Banner တေရယ်
ကောက်ထည့်နေတယ် သူကြောက်ပြီး
အခုပဲသွားတော့မယ်ထင်တယ် ခွိလွိ
ခွိလွိ" Damn !! 4 နာရီတောင်ထိုးနေပြီ
သေစမ်းဟယ် တန်းစီရဦးမယ် ... "မနက်စောစောမိတ်ကပ်တွေလိမ်းပြီး
နှုတ်ခမ်းနီတေဆိုးနေတဲ့ အမဖြစ်သူ
XiaoTaeYeon ကို ကြည့်ရင်း
LuHan ပိန်းဥဖြစ်သွားရတယ်
ဘာလဲ ဘယ်လဲ ? ဘုရားရေ
စိတ်မှမှန်သေးရဲ့လား ?