( စ/ဆုံး )
Between Love & Hate
ကောင်းကင်ကြီးတစ်ခုလုံး ညှို့မှိုင်းပြီး လျှပ်စီးများကလည်း တစ်ဖြတ်ဖြတ်လက်နေသည်။မိုးမင်းက အညှိုးအတေးနဲ့ ရွာချသည့်အလား မိုးများက သည်းထန်စွာရွာသွန်းနေသည်။မိုးရေစက်တွေအောက်မှာတော့ အကာအကွယ်မဲ့စွာနဲ့ အရုပ်ကလေးတစ်ရုပ်ကိုပိုက်ပြီး အုတ်ဂူလေးရှေ့မှာ ကောင်မလေးတစ်ယောက် ရပ်တန့်နေတယ်။သူ့မျက်လုံးများက အုတ်ဂူလေးကိုသာ စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။သူ့နှုတ်ခမ်းပါးတွေက ဘာစကားတစ်ခွန်းမှထွက်အံကျလာခြင်းမရှိပင်မဲ့ သူ့နှုတ်ခမ်းပါးလေးတွေကို သူ့ရဲ့သွားများနှင့် ဖိကာကြိတ်ထားသည်။တစ်ဆက်တည်းမှာပဲ သူ့ရဲ့မျက်ဝန်းအိမ်က မျက်ရည်များကလည်း မိုးရေနဲ့အတူ စီးဆင်းနေဆဲ။မိုးရေတွေတစ်ကိုယ်လုံးရွှဲရွှဲစိုနေသည့်ကြားက သူ့လက်ထဲက အရုပ်လေးကို တင်းကျပ်စွာဖက်ထားဆဲပါ။အုတ်ဂူလေးက အနည်းငယ်ဟောင်းနွမ်းနေပင်မဲ့ ဖုန်ဆိုတာ တစ်စက်မှမရှိအောင်ကို ရှင်းလင်းသန့်ပြန့်နေသည်။
ရှင်းလင်းသန့်ပြန့်နေမှာပေါ့ ဒီအုတ်ဂူလေးကို သူအမြဲတမ်းသန့်ရှင်းရေး လာလုပ်ပေးနေကျလေ။အုတ်ဂူလေးဖြစ်တည်လာတဲ့အချိန်ကစပြီး ဒီနေ့အချိန်ထိ သူမလာတဲ့ရက်ဆိုတာ တစ်ရက်မှ မရှိခဲ့ပါ။ဒီနေ့နဲ့ဆို ဒီအုတ်ဂူလေးဖြစ်တည်ခဲ့တာ (3)နှစ်ရှိချေပြီ။ဒါပင်မဲ့ အုတ်ဂူလေးထဲက တစ်စုံတစ်ယောက်သော သူကိုတော့ သူအခုချိန်ထိ လွမ်းဆွတ်သတိရနေဆဲပါ။
Tiffany's POV
ကျွန်မမှာ သူနဲ့ပတ်သတ်ပြီး ကောင်းမွန်တဲ့ အမှတ်တရဆိုတာ မရှိခဲ့ပါဘူး။သူ အသက်ရှင်ချိန်ဘဝတစ်လျှောက်လုံး ကျွန်မသူ့ကို မုန်းခဲ့တာ။ဒါပင်မဲ့ ကျွန်မသူ့ကိုချစ်တယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ အရမ်းကိုနောက်ကျသွားခဲ့ပြီ။သူက လူ့ကမ္ဘာလောကကြီးကို အပြီးတိုင် စွန့်ခွာသွားခဲ့ပြီလေ။ကျွန်မမှားခဲ့တယ်။ဟုတ်တယ် ကျွန်မသိပ်ကို မှားယွင်းခဲ့တာပါ။ကျွန်မသူ့ကိုမုန်းတယ် ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက် ကျွန်မမှာ မရှိဘူး။သူ့ကို မြင်နေရင်ကို ကျွန်မရင်ထဲ အမုန်းတွေ ဖြစ်ပွားနေခဲ့တာ။ကျွန်မသိပ်ကို တစ်ဖက်သတ်ဆန်လွန်းခဲ့ပါတယ်။