Chapter - 16

2.5K 277 31
                                    

အေးမြလတ်ဆတ်သော လေ ပြေတို့
သည် Sehun့ဆံနွယ်ထက်၌ ဝဲပျံသွား
ကြသည်။ နဖူးပေါ်တွင် အနက်ရောင်
ဆံစတို့ လူးလွန့်နေကြသည်။ လေ အ ဝှေ့
တွင် ဆံပင် တို့က မျက်စိရှေ့ လာလာ
အုပ်ကြ သော်လည်း Sehun မဖယ်
ရှားမိပါ။ ခေါင်းအောက်ငုံ့ထားသော်လည်း
သူ့အကြည့်နှင့် စိတ်အာရုံသည်
လမ်းပေါ်တွင် မရှိပါ။ လူတွေနှင့်လည်း
မျက်လုံးချင်းမဆိုင် ချင် ပါ။

Sehun လူတွေနှင့် ပတ်သက်ဆက်နွယ်
ရမည်ကို မနှစ်သက်။ ကျောင်းသို့သွား
သည့်လမ်းတစ်လျှောက်တွင် လူအများ
အပြား စကားပြောသူက ပြော၊
ရယ်သူက ရယ်၊ အော်ဟစ်သူက အော်
ဟစ်နှင့် ဆူညံနေသည်။ သူ ဒါတွေကို
မနှစ်မြိုပါ။

Sehun ကျောင်းပေါက်ဝသို့သွားရာ
လမ်းတွင် တခြားကျောင်းသားပေါင်း
များစွာကြား၌ မထင် မရှားတည် ရှိနေ
သည်။ Sehun သတိလက်လွတ်ဖြစ်
နေစဉ် လက်တစ်ဖက်က သူ့နဖူးပေါ်
တွင် လှုပ် ရှားလူးလွန့်နေသည့်
မျက်စိနောက်စရာ ဆံနွယ်စတို့ကို
သပ်တင်ပေးလိုက်သည်။

ထိုသူ ဘယ်သူလဲဆိုတာ မော့ကြည့်
စရာမလိုဘဲ Sehun သိပါသည်။
Sehun ပြုံးရွှင် စွာနှင့် မျက်စိစုံမှိတ်ကာ
ထိုကောင်လေး လုပ်ပေးတာကို
ကျေကျေနပ်နပ် ငြိမ်ခံနေသည်။

"ကြည့်ကောင်းသွားပြီ"

ထိုကောင်လေး သွားဖြူဖြူလေးတွေ
ပေါ်သည့်အထိ ပြုံးလိုက်ကာ
Sehun့ပါးလေးကို ညင် သာစွာ
လက်ဝါးနှင့် အုပ်ကိုင် လိုက်သည်။
Sehun၏ အေးစက်နေ သော ပါးပြင်
မှာ သူ့လက်ဝါး၏ အ နွေးဓါတ်ကြောင့်
နွေးထွေးသွားသည်။ သူသည်
Sehunနှင့် ရင်းနှီးသော သူအနည်းစုထဲမှ
တစ်ယောက်ဖြစ်သည်။ သူသည်
ကြင် နာတတ်ပြီး ချစ်စဖွယ်ကောင်းသည်။
Sehunလို အေးတိအေးစက်မဟုတ်။
သူ၏ကြင် နာတတ်မှုသည် လူချစ်လူခင်
ပေါများခြင်းနှင့် ထင် ပေါ်ကျော်ကြား
ခြင်း၏ တစ်ခုတည်းသော အ ကြောင်း
ပြချက်ဖြစ်လိမ့်မည်ထင် သည်။
သူ ဘယ်သွားသွား လူတွေက ဂရုစိုက်
ကြသည်။ သူ၏ ချောမော သော ရုပ်
ရည်ကြောင့်လည်းဖြစ်နိုင် သည်၊

Reply(Answer me) Myanmar Ver.Where stories live. Discover now