Soo's pov;
* တကယ်တော့ soo ကိုယ်တိုင် လည်း သိချင်နေမိတာပါ ဒါပေမယ့် သိချင်စိတ်ကို မိန်းကလေး သိက္ခာကြောင့် မျိုသိပ် ပြီးနေနေတာကို ဟို စပ်စလူးက အလိုက်ကမ်းဆိုး မသိ လူကို ရှက်အောင် ပြောလိုက်တော့ မျက်နှာပူမိတာပေါ့၊ တကယ်တော့ bakkie ကိုဘာမှမျက်နှာပူစရာမှမရှိ ဒီလိုပဲ soo တို့ချင်း ကစလိုက်နောက်လိုက်နေနေကြ ဆိုပေမယ့် အဲ့ Chanyeol oppa နဲ့ပတ်သတ်ရင်တော့ soo ရင်ထဲမှာ ဘယ်လိုကြီးမှန်းမသိ ရှက်သလိုလို ကြောက်သလိုလိုနဲ့ အမျိုးအမည်မသိတဲ့ခံစားချက်ကြီး ဖြစ်ဖြစ်လာတတ်သည်။ ခုလည်းကြည့် ... သူပြန်လာတော့မယ်ဆိုတော့ soo ပျော်နေမိပြန် ပြီ။ ဘာရယ်ကြောင့်မှန်းမသိ oppa အကြောင်းတွေးလိုက်ရင် ပျော်လာတယ် ပြီးတော့ နှလုံး ခုန်သံတွေလည်းမြန်လာသလိုပဲ soo ...နင် ရင်ခုန်နေတာလား? ဟာ...မဖြစ်နိုင်တာ သူ့ဟာသူ နှလုံး ကပုံမှန်ခုန်နေတာပါ*
" oppa ကအရင်ကထက်တော်တော်ချောလာတာပဲ သိလား...အဟိ မင်းသားလေး ကျနေတာပဲ ... oppa အပြုံးလေးတွေကလေ အရင်ကပတိုင်းပဲ ဆွဲဆောင်မှု ရှိတုန်းပဲသိလား ... oppa ပြန်လာရင်လေ soo ကိုအရင်တုန်းကလို ခင်အုန်းမှာလားဟင်..."
Soo တစ်ယောက် အိပ်ရာပေါ်မှာ တော်တော် နဲ့မအိပ်သေးပဲ ပင်ကွင်း ရုပ်လေးကို ဖက်လိုက် မျက်နှာချင်းဆိုင်ပြီး စကားတွေပြောလိုက် နဲ့တစ်ယောက်တည်း position အမျိုးမျိုး ၊ ပြုံးလိုက် ရယ်လိုက် နဲ့ အတွေးပေါင်း စုံနဲ့ နောက်ဆုံး တော့ ပင်းကွင်းလေးကို ဖက်လျက်ပဲ အိပ်မက် ကမ္ဘာလေးထဲကိုရောက်ရှိသွားတော့သည် အိပ်နေတာတောင် heart-shaped lip လေးကအလှဆုံး အပြုံးလေးကိုပန်ဆင်ထားသေးတာပေါ့။
******************************
တီတီ တီတီ တီတီ. . .
"အွန်း......." soo အပျင်းဆန့် ရှင် နာရီကို ကြည့်လိုက်တော့
"Omo! ၉ နာရီ တောင်ထိုးနေပြီ " soo ကမန်းကတန်း အိပ်ရာ ပေါ်ကပြေးဆင်းကာ ရေချိုးခန်း ပြေးရတော့သည်။Soo လမ်းတဝက်ရောကတော့
" ashi! ကားကလည်း လာပိတ်နေသေးတယ် " လက်ထဲက နာရီ ကိုကြည့်လိုက်တော့ ၁၀ နာရီ ပင်ထိုးတော့မည်။
" pali pali... jalpa ..." soo နာရီ တကြည့်ုကြည့်နဲ့
"ဝေါ..."
မီးပွိုင့် စိမ်းသွားတာ နဲ့ soo ကားကို အရှိန်အမြင့်ဆုံးတင်ပြီး မောင်းလိုက်သည်
soo ဆိုင်ကိုရောက်တော့ ထင်တဲ့အတိုင်းပင် bakkie ကအရင်ရောက်နေပြီး soo ကိုလည်းတွေ့ရော
"ကဲ . . .ဒေါ်soo ပြောပါဦး ဆိုင်ဖွင့်ချိန်က ဘယ်အချိန်လဲ ဆိုတာ"
လက်တဖက်ကခါးထောက်ထားပြီး နောက်တဖက်က နာရီကိုထောင်ပြကာ မေးလာသော bakkie အား
"ဟီးဟီး... " soo ရယ်ပြရုံမှလွဲပီး ဘာမှမတတ်နိုင် ကိုယ့်အပြစ်နဲ့ ကိုယ်လေ ညကအတွေးနယ်ချဲ့ပြီးတော်တော်နဲ့ မအိပ်တော့ အိပ်ရာထနောက်ကျပြီပေါ့
"နင့်ကို သွားတိုက်ဆေးကြော်ငြာခိုင်းနေတာမဟုတ်ဘူး ...မေးတာဖြေ..."
Bakkie ပုံစံက တကယ် စိတ်ဆိုးနေတဲ့ပုံကြီး ဆိုးလည်း ဆိုးချင်စရာပဲလေ soo နောက်ကျတာနည်းနည်းမှမဟုတ်တာ တကယ်ဆိုဆိုင်ဖွင့်ချိန်က ၇ နာရီခွဲ soo ရောက်တော့ ၁၀နာရီ ပင်ထိုးပြီးနေပြီ သေချာပါတယ် bakkie တစ်ယောက် ဆိုင်၂ခူနဲ့မနက်ကတော်တော် ဒုက္ခ ရောက်ခဲ့မှာ ခုတော့ soo ပြန်ချော့ရပေဦးမည်။
"bakkie yar...mian normu normu mian jija mian ငါလေ အိပ်ရာထနောက်ကျသွားလို့ပါ နောက်တစ်ခါမဖြစ်စေရဘူး နော်" puppy eyes လေးနဲ့ soo ခေါင်းလေးပုကာ လက်အုပ်လေးကလည်းချီထားသေး
"မနက်က ငါဘယ်လောက် ဒုက္ခ ရောက်သွားလဲသိလား"
"araso ... arraso jiaja mianal chargi yar! "soo တစ်ယောက် aegyo တွေလုပ်ပြီးချော့နေတာပေါ့
bakkie ကမျက်စောင်းလေးထိုးပြီး နှုတ်ခမ်း ထော်ပြတော့ soo ခမျာ အစွမ်းကုန်ထုတ်ကာ မလုပ်တတ်လုပ်တတ်နဲ့ aegyo လေးတွေလုပ်ပြလိုက် puppy eye လေးနဲ့လိုက်ချော့လိုက်နဲ့ အလုပ်ရှုပ်နေတာ ပတ်ဝန်းကျင်ကိုတောင်ဂရုမစိုက်မိ
ဆိုင်ထဲကတစ်နေရာမှာတော့ soo နဲ့ bakkie ကိုကြည့်ကာပြုံးနေတဲ့ လူတစ်ယောက် အဲ့လူ က soo လုပ်သမျှလေးတွေကို အကုန်လိုက်ကြည့်ပြီး ရယ်နေလေရဲ့
Man' pov: ဒီကောင်မလေးခုထိ မပြောင်းလဲသေးဘူး ပဲ အရင်ကအတိုင်းပဲ အူတူတူ နဲ့ချစ်စရာလေး
Soo မှာတော့ ချော့လို့မပြီးနိုင်
Soo's pov: ငါနော် ထိုင်သာသေလိုက်ချင်တယ် ဒီအစုတ်ပလုတ်မလေးနဲ့
"ငါ နေ့လည် ကျရင် နင်စားချင်တာဝယ်ကျွေးမယ်ဟာနော် နော် ...စိတ်ဆိုးပြေပါတော့ဟာ"
"တကယ်လား " soo ကိုလှည့်မကြည့်ပဲ ပြန်မေးတဲ့ bakkie အား
"တကယ် တကယ် ကတိ promise ရပြီလား "
အဲ့ကျမှ ဒေါ် bakkie က ခေါင်းကိုပြုတ်ထွက်မတတ်ညိမ့်ပြလေသည်။ soo လည်း သူ့ကိုချော့ရတာမောနေတာနဲ့ ဆိုင်နောက်ဖက် ရေခဲသေတ္တာထဲက ရေပုလင်းလေးကို ထုတ်လာပြီး သောက်နေတုန်း
"Soo ငါနင့်ကို ပြောစရာရှိတယ် "
အမြဲတမ်း ပြောချင်တာကို ပြောနေကျ bakkie ကအခုမှ ခွင့်တောင်းနေတော့ soo သူ့ကို ပြန်ကြည့်ပြီး
"အင်း ပြောလေ bakkie ဘာဖြစ်လို့လဲ "
soo လညိးသူ့ကို ပြောပြီး ရေပြန်သောက်လိုက်ရင်း နားထောင်နေလိုက်တယ်
"Oppa ပြန်ရောက်နေတယ် "
"အင်း" soo ရေသောက်ရင်းပဲ ပြန်ဖြေလိုက်သည်။ soo တော်တော် ရေဆာနေသည်လေ ချော့လိုက်ရတာ အာခေါင်တွေကို ခြောက်ရောမလား
"စောနထဲက oppa ဆိုင်ကိုရောက်နေတာဟ"
"ဖူး... bor!"
soo ပါးစပ်ထဲကရေတွေ ထွက်ကတေဲ့အထိပင် လန့်သွားသည်။ bakkie ကတော့ soo နဲ့မျက်နှာချင်းဆိုင်ရပ်နေတော့ မျက်နှာသစ် ပြီးသားဖြစ်သွားတာပေါ့
"Yar! နင်အဲ့လောက်တောင် လန့်ရလား"bakkie အော်လိုက်တော့ soo မျက်လုံးပြူးပြူးလေးနဲ့ ပါးစပ်အဟောင်းသားလေး
"Oppa က သရဲ မလို့လား အဲ့လောက် တောင်ဖြစ်ရအောင်..."bakkie စိတ်ပေါက်ပေါက်နဲ့ အော်လိုက်ပြီး လက်ကလည်း မျက်နှာက ရေတွေကို သုတ်နေသည်
"ဟားဟား ...ဟား..." အသံလာရာဘက်ကိုsoo လှည့်ကြည့်လိုက်တော့ သူ့ဗိုက်သူနှိပ်ပြီး ရယ်နေရင်း soo တို့ဆီ လျှောက်လာနေတဲ့ Oppa
"Hyung..." soo ပါးစပ်လေးအဟောင်းသားနှင့် ငေးနေလေသည်
"ဖြစ်ရမယ် puppy ရယ်...haha"ရယ်တာကို အရှိန်သတ်မရသေးပဲ Chnayeol Oppa က bakkie ကို စနေလေသည်
"Oppa! "
"အမလေး... လန့်လိုက်တာ ဖြေဖြေအော်ပါဟ"
"အာ့ oppa ကြောင့်ဖြစ်တာ "
"အယ်...ငါနဲ့ဘာဆိုင်လို့လဲ ငါ့လာတိုင်ပတ်နေတယ်"
Soo ကတော့ ကျောက်ရုပ်အတိုင်း မလုပ်မယှက်နဲ့ bakkie နဲ့ Chanyeol ကိုကြည့်နေသည်။
"Soo ya. ပါးစပ်ထဲယင်ကောင် ဝင်ဥတော့မယ် " Chanyeol က soo ပုခုံးလေးကိုပုတ်ပြီး ပြောတော့မှ soo သူ့ပါလေးကိုသူ လက်ကလေးနဲ့ပိတ်ထားသည် ခုချိန်ထိ သူ မယုံနိုင်သေး Chanyeol Oppa ပြန်ရောက်နေသည်ကို မျက်လုံး လေးပြူးကာကြည့်နေသော soo ကို
"Soo yar !wae? Oppa မျက်နှာမှာ ဘာပေနေလို့လည်း " Chanyeol က သူ့မျက်နှာလေးသူကိုင်ကာ မေးတော့
"ဟုတ်ပ မိ soo ရယ် ငါ့ အစ်ကို မျက်နှာ လည်းပေါက်ထွက်တော့မယ် ညည်းကြည့်နေတာ"
" Ar.arnyi bake ya ... ငါ .ငါ က"
"အမလေး . . .စကားတွေပါထစ်ကုန်ပြီ soo ရယ် ငါ့ oppa ကအဲ့လောက်တောင်ချောလား"
"Yar! Bake!"
"Oppa သိလား soo ကလေ oppa ဓာတ်ပုံ ကိုကြည့်ပြီးတော့ တော်တော် ကြွေနေတာသိလား"
"Yar! bakkie ဘာတွေလျှောက်ပြောနေတာလဲ နင်နော်.. ." Soo မျက်နှာလည်း ခရမ်းချဉ်သီး လုံးလုံးဖြစ်နေပါပြီ (သုံးထပ်သားသွားကင်ရင်တောင်ကျက်လောက်တဲ့အနေအထားပေါ့)
"Wae? မဟုတ်လို့လား"
"Arnyi..."
"ဒါဆို ဟုတ်တယ်ပေါ့"
"Ar..arnyi အဲ့အဓိပ္ပါယ်ဟုတ်ဘူးလေ...ဟို..." soo လည်းမပြောပြတတ်တော့ ခြေကုတ်ခေါင်းကုတ် တောင်ကုတ်မြောက်ကုတ် ဖြစ်နေလေရဲ့ soo ဖြစ်နေပုံကို yeol ကကြည့်ပြီး
"တော်ပါတော့ bakkie ရယ်... နင့်သူငယ်ချင်း ဖြစ်နေပုံကို လည်းကြည့်ဦး မျောက်မလေးဖြစ်နေပြီ" yeol ကရယ်ပြီးနောက်လိုက်တော့
"Hyung နော်..."
Yeol soo ဆီကမျက်စောင်းတချက်ထိုးခံလိုက်ရလေသည်။ နှုတ်ခမ်း လေးထော်ကာ စိတ်ကောက်နေသော ကလေးသာသား ကောင်မလေးကို yeol ကြည့်ရင်း အူတတ်နေရပြန်တာပေါ့။
********************************
Soo တို့သုံးယောက် စကားပြောနေတုန်း📱📱📱Heart attack! gidarimui kkeut! . . .📱📱📱
soo ဆီက ဖုန်းသံမြည်လာမို့ soo စကားပြောတကိုရပ်ပြီး ဖုန်းကိုင်လိုက်သည်
"Borr! နင်ဒီကို ရောက်နေတယ် ဟုတ်လား...ခုဘယ်မှာလဲ"
"............"
"Arraso သိ ပြီ ငါလာခဲ့မယ် အဲ့နားမှာပဲစောင့်နေ ခုထွက်လာခဲ့မယ်..." soo ဖုန်းချပြီးတာနဲ့ ချက်ချင်းထွက်သွားဖို့လုပ်တော့
"Soo ဘယ်သူ လဲ ဘယ်သွားမို့လဲ"
" bakkie ya! နင်ဆျုင်ကြည့်ပေးထားပါဦး ငါအရေးကြီးလို့ ပြန်လာရင်ပြောပြမယ်နော်"
"Hyung ...soo သွားလိုက်ဦးမယ် နောက်မှအေးဆေးတွေ့မယ်နော်..." soo နှုတ်ဆက်ပြီးတာနဲ့ချက်ချင်းပြေးထွက်သွားလေသည်။
##########################
THANK FOR READING:
YOU ARE READING
What Is Love?
RandomWhat is love? I can't define.l don't know how I love you.Should I love you or l hate you? What should I do? အချစ်ဆိုတဲ့ စကားလုံးလေးက ပြောရလွယ်ရေးရလွယ်ပေမယ့် အဓိပ္ပါယ် ဖွင့်ဖို့တော့အခက်သား လောကမှာ လူသားချင်းသာချစ်ကြသည်လား? လူသားမှာသာအ...