Episode 15

1.4K 139 2
                                    

Knock ##

ChanYeol တံခါးကိုသုံးခေါက်လောက် သွားခေါက်လိုက်သည် ဟိုဘက်ကနေဘာမှဖြေသံမကြား ခေါင်းကြီးသွားတဲ့အထိ စိတ်ပူသွားသည် သူမ ဘာများဖြစ်နေပါလိမ့် !!

အခန်းသော့ကိုရှာကာ သူမအခန်းကို ဖွင့်လိုက်သည် သူမကအိပ်ရာပေါ်မှာ နှုတ်ခမ်းတွေသွေးမရှိလောက်အောင်ကို ဖြူဖတ်နေသည် သိလိုက်သည် မနေ့ညက ဒီတိုင်းပဲထိုးအိပ်ရသလား ~

ChanYeol ပျာယာခတ်သွားသည် ဆေးရုံကားခေါ်မယ်လုပ်တော့ သူမရဲ့လက်တဖက်က သူ့ကိုလာဆွဲပြီး

^ MaMa Ma…Ma ^ အမေလို့ခေါ်သံလေးနဲ့ညည်းညူလာတဲ့သူမလက်ကိုပြန်
ဆုပ်ကိုင်ပေးပြီး ဆေးရုံကားကိုသာ သူခေါ်လိုက်သည်

##########

လောကကြီးကမှိန်နေသလိုပဲ ~ Baekhyun မျက်လုံးကို အားယူပြီးဖွင့်လိုက်သည်

^ Baek နိုးပြီးလား ^

သူမလက်ကို ဆုပ်ကိုင်ရင် စိုးရိမ်တကြီးကြည့်နေတဲ့ ChanYeol ~ သူမ ဘာတွေဖြစ်ခဲ့ပါလိမ့်

^ ကောင်းသွားပါပြီ သူမဘာမှမဖြစ်ပါဘူး ရေစိုနဲ့အိပ်လိုက်တော့ အားမရှိတော့တာပါချိတ်ထားတဲ့ ဒီဆေးပုလင်းကုန်ရင်တောင် ဆေးရုံဆင်းလို့ရပါပြီ ^

ChanYeol ဆရာဝန်ကို ကျေးဇူးတင်ကြောင်းပြောရင်း ဦးညွတ်လိုက်သည်

^ စိတ်ပူသွားတာပဲ မိုးရေထဲပြန်လာပြီး တန်းအိပ်ရသလား^

Baekhyun ပြုံးပဲပြုံးမိသည် သူမကိုစိုးရိမ်နေတဲ့ ChanYeol ကိုကြည့်ရင် ရီလည်းရီချင်မိသည် ဒီလိုဖြစ်တာ သူကြောင့်လို့လည်းမပြောထွက် ~ ChanYeol သူမအပေါ် ဘယ်လိုစိတ်များရှိနေသလဲ စဉ်းစားတွေးပူရင်း အိပ်ပျော်သွားတာကို !! သူမတို့က မောင်နှမတွေ ချစ်ကြိုက်ခွင့်ဆိုတာမှမရှိတာ ဒါတွေကို Papa နဲ့Panda Ahjimaသာသိရင် ~~~

^ ပြောနေတာကြားလား Baek ~^

^ Hum?? ^

^ Papa ကောMama ကော ခရီးတပတ်ထွက်မယ်ပြောတယ် အစောလည်းပြန်ရောက်ချင်ရောက်မှာ ~ တော်သေးတယ် မဟုတ်ရင် သူ့တ်ို့သမီးလေ ဖြစ်တာ ငါကြောင့်ဆိုပြီး အိမ်ပေါ်ကတောင် မောင်းထုတ်ဦးမှာ Haha ^

Genie  for YouWhere stories live. Discover now