First Time , First Love
ပထမဦးဆုံး အချိန် ၊ ပထမဦးဆုံး အချစ်
ဝတ္ထုတိုအစအဆုံးရတီ : မြတ်နိုး . . .
မြတ်နိုး : ဟင် . . .
ရတီ : နင် ဘာတွေ စဉ်းစားနေတာလဲ ၊ လေယာဉ်ထွက်တော့မယ်လေ ၊ လာ . . . သွားကြရအောင်
မြတ်နိုး ခရီးဆောင်အိတ်ကို ဆွဲကာ ရတီ့နောက်ကို လိုက်သွားလိုက်သည်။
မြတ်နိုးကော ရတီကော မိသားစုတွေကို နှုတ်ဆက်လိုက်ကြသည်။
မြတ်နိုး လေယာဉ်ပေါ် ရောက်တော့ ထုံးစံအတိုင်း နားကြပ်တပ်ကာ သီချင်းနားထောင်နေလိုက်မိသည်။
ရုတ်တရက် သူ့ပုံရိပ်က ပေါ်လာတာကြောင့် မြတ်နိုး မျက်ရည်ဝဲလာမိသည်။
ရတီရိပ်မိမှာစိုး၍ မြတ်နိုး ခေါင်းကို တခြားဖက်လှည့်လိုက်သည်။
မြတ်နိုး : ကံမကုန်သေးရင် ပြန်ဆုံချင်ပေမယ့်လည်း . . .
မြတ်နိုးအတွေးတွေက လွန်ခဲ့တဲ့ လေးလက အဖြစ်အပျက်ဆီကို ရောက်သွားလေသည်။
ရတီ : မြတ်နိုး . . . နင် ဘာလို့ လူတစ်ယောက်ကို အကြာကြီးကြိုက်နေတာလဲ ၊ မပျင်းဘူးလား
မြတ်နိုး : ငါလည်း မသိဘူး . . . ဘာလို့ ဒီလောက်ကြာနေမှန်း ၊ ဒါပေမယ့် သူ ရယ်လိုက်တိုင်း ငါ သူ့ကို ပိုပိုပြီး ချစ်မိနေတာတော့ အမှန်ပဲဟ
မြတ်နိုး ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက်မိသည်။
ရတီ : နင်ကသာ ချစ်နေ ၊ နင့် စိုင်းက နင့်ကို သိကောသိရဲ့လားတောင် မသိဘူး
ရတီ့စကားကြောင့် မြတ်နိုး မျက်နှာညှိုးသွားရသည်။
ဟုတ်သားပဲ ။
သူမလို ရုပ်ဆိုးပြီး သူတို့လောက် မချမ်းသာတဲ့ ကောင်မလေးကို စိုင်းက ဘယ်လိုလုပ်ကြိုက်မှာတဲ့လဲ ။
ရတီ : မြတ်နိုး နင် မေ့ပစ်လိုက်ပါတော့ဟာ
မြတ်နိုး : ငါလည်း ကြိုးစားနေတာပဲဟာ
ရတီ : နင် ကြိုးစားနေတာ ၆ တန်းတည်းက ၊ အခုဆို လေးနှစ်တောင် ရှိနေပြီလေ
YOU ARE READING
First Time , First Love
Romanceသူမရဲ့ crush ကို အကြာကြီးချစ်နေခဲ့တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းပါ ။ ဒါပေမယ့် ဒီပုံပြင်ဟာ ပျော်ရွှင်စွာ ဇာတ်သိမ်းတဲ့ ဇာတ်လမ်းတော့ မဟုတ်ပါဘူး ။ ဒီနေ့ထက်ထိ သူမဟာ သူ မုန်းနေမှန်း သိတာတောင် အခုထက်ထိ ချစ်နေဆဲပါ ။ တကယ့်ဖြစ်ရပ်မှန်လေးပါ ။ ဒါပေမယ့် အပြင်...