Love on the Hate Part 1

3.7K 251 9
                                    

အစ 

" baekhyun   "

" ပြော "

ငါ့မှာ သာလေ နင့်လို ပါးလေးတွေသာရှိရင် ဘာမှမလိုတော့ဘူး  . .. သိလား နင်ကလေ ယောက်ျားလေးတန်မဲ့အရမ်းချောတာပဲ "

     မှန်တင်ခုံရှေ့မှာ နာရီဝက် ကျော်ကျော် လောက် အလှထိုင်ပြင်နေကာ လှချင်လွန်းလို့အားမရနိုင်ဖြစ်နေသည့်  sora ကိုကြည့်မိသည်။ ရည်းစားနဲ့သွားတွေ့ဖို့အရေးကို  မပီးနိုင် မစီးနိုင် အလှပြင်နေသူမှာ ကျွန်တော် byun baekhyun ရဲ့ သူငယ်ချင်း lee sora ပဲဖြစ်သည်။  အထက်တန်းကျောင်းတက်တဲ့အချနိန်မှာသူမနဲ့စခင်ခဲ့ရ တာဖြစ်သည်။  sora က ရည်းစားတွေထည်လဲတွဲကာ သူမကချည်းစဖြတ်ခဲ့တာချည်းဖြစ်သည်။ အခုလည်းး ရည်းစားတစ်ယောက်ရနေကာ အဲ့ဒိလူကိုတော့ တကယ်ချစ်ပါတယ်ဟု အော်နေသည်။

"    နင်တို့ ဒီတစ်ခါတော့ ရုပ်ရှင်ရုံသွားကြည့်ဖို့လုပ်ထားကြတယ်မလား ငါအဲ့အချိန်လောက် လာခေါ်မယ်  . .. ဖုန်းမပိတ်ထားနဲ့  ... "

" အဲ့ဒါမှ   ကွိုင်ပဲ " 

"  wae "

"   Yeol ကသူစကားပြောနေတုန်း ဖုန်းသံမြည်လာရင် ရှုံ့မဲ့နေတာပဲ . . . "

"   ဖြစ်ရလေ "   baek အဲ့Chanyeol ဆို တဲ့လူကို ကြည့်မရပါ ။ သူကလည်း sora လို ခပ်ပွေပွေပင် ။ ရှုပ်လား မရှုပ်လားမသိပေမယ့် ရောက်လေရာ အရပ်တွင်တော့ king ပင် ။ ချောတာတော့ တော်တော် ချောပါသည်။သူ့ကိုမိန်းကလေး ယောက်ျားလေးတော်တော်များများကြွေကြသည်။ အရပ်ကလည်းအမြင့်ကြီးပင် ။ ထို့ကြောင့် အရပ်ပုသော baek က သိပ်ကြည့်လို့မရပေ။ ပီးတော့ baek ကို ကြည့်တဲ့သူမျက်ဝန်းတွေကိုလလည်းမကြိုက်ပေ။ အဓိပ္ပါယ်ဖော်မရ သော မျက်ဝန်းတွေပင်။

"  ဒါဆိုလည်း ဖုန်းမဆက်နဲ့တော့  ငါလည်းမကြိုတော့ဘူး အဲ့လူကိုသာ လိုက်ပို့ခိုင်းလိုက်တာ့ "

"    ဒါပေမယ့်  သူမလာသေးတော့ ခဏစောင့်ပေးဦး သူလာမှပြန်လေ နော်  တစ်ခုခု မှာစားလေ "   ဟုဆိုပြီးစားပွဲထိုးကိုခေါ်ကာ မှာနေလသည်။

"   အဲ့ ဒါဆိုလည်းပြီးရော လေ  " 

"   baekhyun ya  . ... Yeol  ဘယ်အချိန်လောက် လာမယ်ထင်လည်းဟင် "

Love on the Hate Where stories live. Discover now