Love on the Hate Part 6

2.2K 256 34
                                    

" မင်း အခုပြန်လာခဲ့  Chanyeol  ဒီနေ့ ညစာချိန်းထားတာရှိတယ် .... "

" appa ကလည်း ညနေမှ ကိစ္စကို ... အခုအစောကြီးရှိ သေးတယ် ...."

"  အဲ့ဒိညနေကို ရောက်နေပြီလေကွာ ... မင်းက ဘာလုပ်နေတာမို့လဲ ....  အလုပ်ကြိုးစားနေတာတော့မဟုတ်တာ
သေချာတယ် ဟေ့ကောင် ...  မင်းနဲ့ ဟိုဒီဇိုင်နာကောင်လေးအကြောင်းကို appa အကုန်ကြားတယ်နော် ... boya မင်းပြောတဲ့ ချစ်သူဆိုတာ သူလား .. ဒါဆိုရင်တော့ ငါက no ပဲနော် .."

" appa  ကလည်း ဆုံးဖြတ်တာမြန်လှချည်လား ..."

" ဒါဆို  ဘာလဲ ... မဟုတ်ဘူးလား "

Chanyeol ph ကိုင်ထားရင်းနဲ့ပင်ရီသည်...

" ဟေ့ကောင် ... ရီမနေနဲ့  .. ငါမေးတာသာဖြေ "

"  ကျနော်က မသေချာတာဘယ်တော့မှမလုပ်ဘူး ...သူများကိုလည်းမမေးဘူး .. ကိုယ့်ကိုလာမေးရင်လည်းဖြေချင်မှဖြေမယ် ...  appa ကျနော့်အကြောင်းသိပါတယ် .. မသေချာတာတွေတွေးမနေနဲ့ ... အဲ့ဒိညစာကို appa ပဲသွားစားလိုက် ..."

" ဘာ , ဟေ့ကောင် လူငယ်ချင်းတွေ့ပေးမလို့သွားပါမယ်ဆိုမှ မင်းမပါတော့ ငါဘယ်လိုလုပ်ရမလဲ .. ငါ့ကို အရှက်ကွဲအောင်လုပ်မလို့လား park Chanyeol
"

"  သိတယ်လေ  အမှန်တကယ်အဲ့လိုဆိုတာကို မနက်က ကျနော်နဲ့ပြောတည်းက ရှင်းရှင်းပြောပြီး booking   လုပ်ထားသင့်တာ ... "

"  park Chanyeol  ... မင်းတော့လေ ဘာမှအပိုတွေလာပြောမနေနဲ့ ...  မင်းကဘာလဲ ဒီလိုဆိုတာ သိလို့ တမင်လုပ်တာမလား ... "

" appa ကလည်း ... " ဟုဆိုပြီး ဖုန်းချလိုက်တော့ ရီလက်စကမပြတ် .. ဒါ သူအပြင်မှာမို့လို့  မျက်နှာချင်းဆိုင်တာဆို သူ့ကို appa ပြောမနိုင်တာနဲ့ ထကစ်မှာ သေချာတယ် ... သိတယ်လေ သူကလည်း အဲ့လို အဖေရဲ့သားဆိုတော့ ကြိုတင်ကာကွယ်ပြီးဖုန်းနဲ့ လွှတ်နေတာပင် ။

Chanyeol တစ်ယောက် အလုပ်လုပ်နေရင်းနဲ့ ဖုန်းလာလို့  ထာသွားသောအခါ baek တစ်ယောက်တည်း အလုပ်လုပ်နေတုန်း ဘေးနားကို kyung soo ရောက်လာသည်။ kyung soo က baek နဲ့ ဒီရောက်မှ ခင်တာဖြစ်သလို interview အတူတူဖြေကြရင်း ခင်မိသွားတာဖြစ်သည်။ kyung soo က 
" baekhyun ya ... Chanyeol က မင်းကိုဆက်ဆံတာသူများနဲ့မတူဘူးလို့ ပြောနေကြတယ် .. "

Love on the Hate Место, где живут истории. Откройте их для себя