လူတယောက်ကိုအမှတ်တမဲ့ တကြိမ်သာတခါ ဆုံစည်းမိခြင်းသည် ဘာမှမထူးဆန်းပါ ။ဘယ်လိုပုံစံမျိုးနဲ့ပဲ ဆုံတွေ့ခဲ့ပါစေ ခဏကြာလာရင် မှတ်ဥာဏ်ထဲကနေ အလိုအလျှောက်ပျောက်ကွယ်သွားမှာပါ ။ ထိုသူန်ဲပတ်သက်ပီး ဘာမှကျန်ရစ်ခဲ့စရာ အကြောင်းမရှိ.....။ ဒါပေမယ့် ဒီလူတယောက်ကိုပဲ တစ်လထဲမှာ ၃ကြိမ်တိတိ ထူးခြားသော အဖြစ်အပျက်တွေနဲ့ကြီး ဆုံတွေ့မိတဲ့အခါ ၊ဒါကိုတိုက်ဆိုင်မှု ၊ ပီးတော့ ထိုသူနဲ့ပတ်သတ်ပီး တစ်စုံတရာတော့ ကျန်ရစ်ခဲ့မယ် ၊ မှတ်ဥာဏ်ထဲမှာ အလွယ်တကူ....မမေ့တော့ဘဲ စွဲထင်ကျန်ရစ်နေခဲ့ခြင်းသည် ထူးဆန်းမှုတစ်ခုဖြစ်ပါလိမ့်မည် ။