"တောက်"
မနက်စောစောစီးစီး Taecyeon တစ်ယောက် ဒေါသတကြီးနဲ့ သတင်းစာကို ခုံပေါ်ပစ်တင်လိုက်ပြီး အိမ်ပြင်သို့ထွက်သွားသည်။
အစ်ကိုဖြစ်သူ ထွက်သွားသည်ဘက်ကို ငေးကြည့်ရင်း Yoon သတင်းစာကို ကောက်ယူကြည့်လိုက်သည်။
သတင်းစာရဲ့ ထိပ်ဆုံးစာမျက်နှာမှာ စာလုံးမဲကြီးဖြင့်ရေးထားတာက
"The black Men are back"...
သူမ သတင်းစာကို တစ်ရွက်နှစ်ရွက်လောက် လှန်ကြည့်လိုက်သည်။"ယနေ့ သူဌေးကြီး Mr.-- ၏ တိုက် ဖောက်ထွင်းခံရသည်မှာ black men တို့၏လက်ချက်ဟု ယူဆနေကြသည်။ မီးခံသေတ္တာတစ်ခုလုံးတွင် ဒေါ်လာ တစ်ရာတန်တစ်ရွက်သာ ချန်ထားခဲ့ပြီး ထိုဒေါ်လာရွက်ပေါ်တွင် သကြားခဲတစ်ခဲတင်ထားခဲ့သည်။
ထိုအရာမှလွဲ၍ မည်သည့်သဲလွန်စမှ ချန်ရစ်ထားခဲ့ခြင်းမရှိပဲ ခြေရာလက်ရာမပျက်ရှိနေခဲ့ခြင်းဖြစ်သည်။ ထို့ပြင်----- ""---ဟုခေါ်သော ဆင်းရဲသားရက်ကွက်ရှိ church ကျောင်းတစ်ခုရှေ့တွင် တစ်စုံတစ်ယောက်က For poor ဟုစာတန်းကပ်ကာ ငွေထုပ်တစ်ထုပ်ထားသွား---- the black --"
"The black men ဆိုတဲ့သူတွေပြန်လာပြီလား?
တစ်နှစ်ကျော်ခန့်ခြေရာဖျောက်နေသောသူတို့..
သူတို့ပြန်ပေါ်လာခြင်းသည် ဆင်းရဲသားလူစုအတွက် အားတက်စရာဖြစ်ပေမယ့်လည်း လူချမ်းသာ သူဌေးသူကြွယ်အသိုင်းအဝိုင်းအတွက်တော့ အလွန်စိတ်ခြောက်ခြားဖွယ်ရာဖြစ်နေပေလိမ့်မည်လား?------""The black men ဆိုသူများသည် လွန်ခဲ့သော နှစ်နှစ်ခန့်က စတင်လှုပ်ရှားခဲ့ကြသူများဖြစ်ပြီး တစ်နှစ်အတွင်း သူဌေး သူကြွယ်များ၏ ဘဏ္ဌာတိုက်ကို ကြိုက်သလို ချယ်လှယ် ခဲ့ကြသူများဖြစ်သည်။ ဆင်းရဲသားများအတွက်လည်း ခေတ်သစ် Robin Hood များဟူ၍ခေါ်တွင်ခဲ့သေးသည်။ The black -----"
"The black men ...... "
Yoon - ကျွတ်စ်~~ သတင်းစာတိုင်းမှာလဲ ဒါတွေချည်းပဲ~~
Yoon လက်ထဲက သတင်းစာကို ခုံပေါ်သို့ပြန်တင်လိုက်ပြီး အစ်ကိုဖြစ်သူထွက်သွားရာဘက်ကို ငေးကြည့်လိုက်သည်။ ဟုတ်ပါတယ်.. အခုအချိန် သူ့အစ်ကို ရဲဌာနချုပ်ကိုပဲ သွားမှာပါ။ မနေ့ည အိမ်ပြန်လာထဲက သူ့အစ်ကို မျက်စိမျက်နှာမကောင်း။ သူ့အစ်ကိုကို ခေါင်းခဲစေတာ ဒီအမှုပါပဲ။ The Black Men~
YOU ARE READING
Impossible
Fanfiction#My Second Creation လိုသည် ပိုသည်များကိုဖြည့်စွက်ပြီးဖတ်ပေးကြပါ။ ကျေးဇူးတင်ပါသည်။ #hnineilwin