●○●○10●○(final)

341 39 6
                                    

 Jin နေ့လည်ကိစ္စတွေ စဉ်းစားပြီး အိပ်မပျော်

စိတ်ထဲမှာ Min A  BI ကိုဆွဲခေါ်သွားတာသာ မြင်နေသည်

ကော်ဖီခွက်လေးကိုင်ရင်း လေသာဆောင်လေးမှာ ထိုင်နေမိတော့

ကြယ်လေးတွေ နဲ့ လမင်းကြီး ရဲ့ ထွန်းလင်းနေမှုကြောင့် တလက်လက်တောက်ပနေသော ကောင်းကင်ပင်လယ်ကြီး

BI လဲ ငါ့ကို ပြန်သတိရတော့ရင်ကောင်းမှာပဲ

"အော် မအိပ်သေးဘူးဘဲ "

"ဟင် BI shii "

Bi အပြုံးလေးတစ်ခုကို ပြုံးမိသည်

"ဘာလို့ ငါ့ကို BI shii လို့ခေါ်တာလဲ တခြားသူတွေကျတော့ Bobby oppa .Yunhyeong oppa နဲ့"

"အာ Nae BI oppa "

ငယ်ငယ်ကတည်းကဒီအတိုင်းစကားပြောနေကျမို့ပါဟာ

"ဒီနေရာလေးက အေးချမ်းတယ်နော် "

"Omm မနက်ဆို နေထွက်တာနဲ့ ဟန်မြစ်ကိုမြင်ရပြီး ညဆိုကောင်းကင်ကြီးကိုမြင်ရတယ်လေ "

"ဒီနေရာလေးမှာ ထိုင်နေကြလား '

"Omm ထိုင်ဖြစ်တယ်"

"တစ်ယောက်ထဲမပျင်းဘူးလား "

တစ်ယောက်ထဲမှမဟုတ်တာ နင်နဲ့ တူတူထိုင်နေကြလေဟာ

"Jin ကရှုခင်းတွေ ကြည့်ရတာ ကြိုက်တယ် "

Jin စကားကြောင့်သူရီမိသည်
...............................

"Bi oppa"

"Omm "

" ဘာလို့ ဟန်မြစ်ဆီသွားမှာလဲလို့ "

" studio ထဲမှာ မွန်းကြပ်နေလို့ပါ"

Min A သူ့လက်ကို လာကိုင်သည်

"BI oppa ကျန်းမာရေးလဲ ဂရုစိုက်ဦးနော် အလုပ်ကြီးပဲ မလုပ်နဲ့ "

"အင်းပါ "

သူ့လက်ကိုကိုင်ထားတဲ့ Min A လက်လေးကို ကြည့်မိသည်

သူသတိရမိတုန်းက Dancer ကောင်လေးရှေ့မှာ သူဆွဲထားတဲ့ လက်

ခု Min A ရဲ့လက်

ခံစားချက်ခြင်းက မတူပေ
တစ်ခုခုတော့ လွဲနေပြီ

သူမှန်တံခါးကိုချပြီး လေညှင်းခံပြီး ပတ်ဝန်းကျင်ကို ကြည့်နေလိုက်သည်

တေးသံလေးရဲ့ရင်တွင်းစကားTahanan ng mga kuwento. Tumuklas ngayon