"Omma သမီးတောင်ပေါ်သွားဦးမယ်"
"သမီးရယ်စောစောတော့မသွားဘူး မှောင်မှဖြင့်"
"ဦးကြီးတစ်ယောက် နေမကောင်းလို့ဆေးစပ်ပေးနေရလို့ပါ ဖေဖေသူငယ်ချင်းမို့"
"Omm သမီး သတိထားနော် တော်ကြာ "
"သမီးတောကောင်တွေ မကြောက်ပါဘူး Omma ရဲ့ သမီးက ဘယ်သူ့သမီးမို့လဲ "
"သိပါတယ် သမီးလေး ကို့ကိုယ်ကို ကာကွယ်နိုင်တယ် ဆိုတာ မေမေပူတာ ဟိုတလောက "
"အဲ့အကောင် က အူကြောင်ကြောင်နဲ့ပါမေရယ်" "သူ့ဘာသာသူအသွားမတော်လို့တောင်ပေါ်ကပြုတ်ကျတာကို လူတွန်းချတယ်ပဲပြောနေတာ "
"သမီးတော့သူ့စကားကိုမယုံ""သမီးရယ် အရာရာသတိထားတာကောင်းပါတယ်"
"ကဲကောင်းကောင်းသွားအပြန်တောင်အဆင်းမှောင်
မှာစိုးတယ်""သမီး ဓာတ်မီးယူသွားပါတယ်မေမေ"
"သွားလိုက်ပါဦးမယ်"Omma ကိုသူနှုတ်ဆက်ပြီး တောင်ပေါ်ခရီးကို သူစတင်ခဲ့တယ်
သူမအတွက် တောင်ပေါ်တက်ရတာ မဆန်းတော့ပါဘူး
ကျေးရွာလေးရဲ့ သမားတော်တစ်ယောက်အနေနဲ့ တောင်ပေါ်ကတော့ မဖြစ်မနေ တက်ရမှာပဲ
ဆေးမြစ်တွေ တူးယူဖို့လေ
အကောင်းဆုံးဆေးမြစ်တွေဆိုတာလဲ တောင်ရဲ့အမြင့်ဆုံးနေရာ မှာပဲ အကောင်းဆုံးကိုရနိုင်တာသူမအတွက်တော့ ပင်ပန်းတယ် မထင်ပဲ
သူမတို့ ရွာစုလေးအတွက် တစ်ဖက်တစ်လှမ်းက အားဖြည့်ပေးနေတာလို့ပဲ ယူဆပါတယ်လေနေစဉ်အလုပ်တွေမို့ တောင်ပေါ်တက်ရတာလဲ မဆန်းကြယ်
သူမ သီချင်းလေး ညည်းရင်းတောင်ပေါ်တက်လာခဲ့တာ
အကောင်းဆုံးဆေးမြစ်တွေသာရှိတဲ့နေရာသို့သူမ
ရောက်ခဲ့ပြီ
ပါလာတဲ့ ကြိမ်ခြင်းလေးကိုချရင်း သီချင်းလေး တညည်းညည်းနဲ့ သူတူးယူနေမိသည်ပြီးတော့ သူသွားနေကြရေကန်လေးတစ်ခု
သူဒီရေကန်လေးကို ဆေးမြစ်လာတူးတိုင်း လာရောက်တတ်သည်
အေးမြသော အရိပ်အာဝါသနဲ့ ကြည်လဲ့နေသော ရေယဉ်က သူမစိတ်ကို အေးချမ်းစေသည်
YOU ARE READING
Tell Me Goodbye
RomanceVampire မျိုးနွယ်စုတစ်ခုရဲ့ တတိယမြောက်မင်းသားနဲ့ မုဆိုးအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြသော ကျေးရွာလေးမှ ကောင်မလေးတစ်ယောက် လူသားတွေနှင့် ထားရှိခဲ့တဲ့ ကတိတစ်ခုကြောင့် သူတို့ရဲ့ ရှုပ်ထွေးလှတဲ့ အချစ် ကို ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာ ကိုတော့