●○●3●○●

149 25 0
                                    

"ပြေးတော့ "

Chanwoo သူတို့နှစ်ယောက်ကို တွန်းလိုက်ပြီးအော်ပြောလိုက်သည်

Yun က ဝံပုလွေနှင့်တိုက်ခိုက်နေသည်

Jiwon က Bin ကိုဆွဲပြီးပြေးသည်

Bin နောက်ကိုလှည့်ကြည့်ပြီး ပြန်ပြေးထွက်သွားသည်

Yun နဲ့ ဝံပုလွေတို့တိုက်ခိုက်နေကြပြီး
Chanwoo ပါ ဝင်တိုက်လို့မရဖြစ်နေသည်

သူ့အားသာချက်က ညို့တာ

ဒါပေမယ့် ညို့ချိန်မရအောင်ကို တိုက်ခိုက်မှုက ပြင်းထန်လွန်းနေသည်

သူက တိုက်ခိုက်ရေးပိုင်းမှာ လေ့ကျင့်ဆဲသာရှိသေးတယ်

"အား"

"Hyung "

ဝံပုလွေက Yunလက်မောင်းကို ခဲထားသည်

"Hyung တွန်းထုတ်လိုက်"

Yun အားမရှိတော့

"အာ ငါ့နှယ်"

သူဝံပုလွေကို ခုန်အုပ်ပြီး Yun ပေါ်က ဖယ်လိုက်သည်

ဝံပုလွေက လဲကျသွားတော့ သူညို့ယူလိုက်သည်

ဝံပုလွေမျက်လုံးကို သေချာကြည့်ပြီး

"ဝုဝု "

ဝံပုလွေက လဲကျသွားပြီး အော်ဟစ်နေသည်

သူ့အစွမ်းတွေ ပိုမိုထက်လာခဲ့ပြီ
ဝံပုလွေ မနေနိုင်အောင် အော်နေမှ

"သွားတော့ "

သူလွှတ်ပေးလိုက်သည်

ဝံပုလွေက သူ့ရှေ့ကနေ ပြေးထွက်သွားသည်
"Junhoe hyung ပြောတာဒါကြောင့်ကိုး"
"အာ Yunhyeong hyung "
"Hyung"

Yun ကသတိမေ့နေပြီ

"Hyung hyung"
"Hyung သတိထားဦး Hyung "

ဝံပုလွေဆိပ်က vampire တစ်ကောင်ကို အားနည်းလေစေသည် အချိန်ကြာသွားပါက

"Hyung "

သူ Yun ကို ထမ်းပြီး ဂူထဲပြန်လာခဲ့သည်

"ငါဘာလုပ်ရမလဲ ဘာလုပ်ရမလဲ "

ကျောက်ဖျာကြီးပေါ်မှာ လှဲနေသော သူ့အကို ကို သူဘာမှ မလုပ်ပေးနိုင်

"Hyung "
"ငါတော်တော် အသုံးမကျတာပဲ"
"ငါဘာလုပ်သင့်လဲ Hyung miyan "
" ကျွန်တော့်ကြောင့် "
"ကျွန်တော်စောစောစီးစီးကတည်းက ဝင်တိုက်သင့်တာ "
"Jinhwan hyung ဆို ဘာလုပ်ရမလဲ သိမှာပဲ"
"ငါဘာလုပ်ရမလဲ အားရူးချင်လာပြီ"
"Miyan hyung"

Tell Me GoodbyeWhere stories live. Discover now