"Hunnie"သည် အေးစက်လာတဲ့ လက်ဖျားကလေး နှစ်ဖက်ကို စုကိုင်ကာ လည်ပင်းမှာ ကပ်ထားလိုက်ပြီး နွေးလာမလားလို့ မေးစေ့နဲ့ ပြန်ငုံ့ဖိချထားလိုက်သည် ။ ပြီးတော့ ထိုအတိုင်း မျက်လွှာလေးပင့်ကာ coffee shopရှေ့လမ်းလေးဆီ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ မျှော်ငေးနေမိသည် ။ စိတ်ထဲမှာလည်း " ကိုကိုရေ...လာပါတော့" လို့ ညည်းညူတမ်းတနေမိသည် ။
"ကိုကို " " Hunnie " စောင့်နေတာ တစ်နီရီတောင် ရှိတော့မလားပဲ ။နာရီလဲမကြည့်ချင်ပါ ၊ ဘယ်နှနာရီဖြစ်ဖြစ် ဆက်စောင့်နေချင်သည်။ စောင့်မယ်ပြောထားပြီးမှ မစောင့်ပဲပန်မသွားချင်တာ Hunnieအကျင့်ပင် ။ အထူးသဖြင့် " ကိုကို " နဲ့ ချိန်းထားပြီးမှ မတွေ့ဘဲတော့ မပြန်ချင်ပါ။ Hunnie နဲ့ ကိုကို ချစ်သူတွေပေမယ့် ခဏခဏတွေ့ခွင့်ရတာမဟုတ် ။ "Ho Min" ဆိုတဲ့ Hunnieချစ်သူဟာ ငယ်၂ရွယ်၂လေးနဲ့ပင် ဖခင်ဖြစ်သူရဲ့အလုပ်တာဝန်တွေကို လွှဲပြောင်းယူခဲ့ရတာကြောင့် အလုပ်တာဝန်တွေ များပြားလှသည် ။ ကိုကိုဟာ တစ်ဦးတည်းသောသား ၊ ကိုကို့အမေကလည်း ဒီသားတစ်ယောက်ထဲရှိတာမို့ ကိုကို့အဖေ ဆုံးပြီးနောက်ပိုင်း ကိုကိုပဲ အရာရာဦးဆောင်ခဲ့ရသည် ။
ကိုကို့ရဲ့တည်တင်းလှတဲ့ မျက်နှာက တစ်မျိုးစူးရှနေကာ ဆွဲဆောင်မှု ရှိနေတတ်ပြန်သည် ။ ကိုကို နဲ့ Hunnieနဲ့က အသက်ချင်းသိပ်မကွာပေမယ့် Hunnieက ခုထိ ကလေးတစ်ယောက်လိုမျိုး မရင့်မကျက်ရှိနေဆဲ ၊ ကိုကိုကတော့ companyတစ်ခုကို ဦးဆောင်နေတဲ့ သူဌေးလေးဖြစ်နေပြီလေ ။
Hunnieက ကိုကို့ကို ချစ်လဲချစ် ၊ ကြောက်လဲကြောက်ရသည် ။ ကိုကိုက Hunnieအလိုကျ ဘာမဆို လိုက်လျောပေးတတ်တဲ့ လူမျိုးမဟုတ် ၊ သူမလုပ်ချင်တာကို အတင်းဂျီကျရင် အော်ငေါက်သည့် လူမျိုး ၊ ကိုကိုက အလျှော့ပေးတတ်သူ မဟုတ်တာကြောင့် Hunnieက အလျှော့ပေးတတ်သူ ဖြစ်လာရသည်။
YOU ARE READING
ဝင်္ကပါလို အချစ်
RomanceHunHan , HunMin sehunnieကိုတစ်ဖက်သက်ချစ်နေရဲ့ကောင်လေး........LUHAN သူ့အနီးနားနေရင်း သူ့ကိုမသိစိတ်ထဲကနေ ချစ်မှန်းမသိချစ်နေရတဲ့ကောင်းမလေးအဖြစ်.....SEHUN လက်စားချေဖို့အတွက် အရာရာကိုစွန့်လွှတ်ရဲပေမယ့် တကယ်တမ်းလက်လွှတ်ရမယ်ဆိ...