Part - 1

237 23 4
                                    

"Hunnie"သည်​ ​အေးစက်​လာတဲ့ လက်​ဖျားက​လေး နှစ်​ဖက်​ကို စုကိုင်​ကာ လည်​ပင်းမှာ ကပ်​ထားလိုက်​ပြီး ​​နွေးလာမလားလို့ မေး​စေ့နဲ့ ပြန်​ငုံ့ဖိချထားလိုက်​သည်​ ။ ပြီး​တော့ ထိုအတိုင်း မျက်​လွှာ​လေးပင့်​ကာ coffee shop​ရှေ့လမ်း​​လေးဆီ ဘယ်​နှစ်​ကြိမ်​​မြောက်​မှန်းမသိ ​မျှော်​​ငေး​နေမိသည်​ ။ စိတ်​ထဲမှာလည်း " ကိုကို​ရေ...လာပါ​တော့" လို့ ညည်းညူတမ်းတ​နေမိသည်​ ။

             "ကိုကို " " Hunnie " ​​စောင့်​​နေတာ တစ်​နီရီ​တောင်​ ရှိ​တော့မလားပဲ ။နာရီလဲမကြည့်​ချင်​ပါ ၊ ဘယ်​နှနာရီဖြစ်​ဖြစ်​ ဆက်​​စောင့်​​နေချင်​သည်​။ ​စောင့်​မယ်​​ပြောထားပြီးမှ မ​စောင့်​ပဲပန်​မသွားချင်​တာ Hunnieအကျင့်​ပင်​ ။ အထူးသဖြင့်​ " ကိုကို " နဲ့ ချိန်းထားပြီးမှ မ​တွေ့ဘဲ​တော့ မပြန်​ချင်​ပါ။ Hunnie နဲ့ ကိုကို ချစ်​သူ​တွေ​ပေမယ့်​ ခဏခဏ​တွေ့ခွင့်​ရတာမဟုတ်​ ။ "Ho Min" ဆိုတဲ့  Hunnieချစ်​သူဟာ ငယ်​၂ရွယ်​၂လေးနဲ့ပင်​ ဖခင်​ဖြစ်​သူရဲ့အလုပ်​တာဝန်​​တွေကို လွှဲပြောင်းယူခဲ့ရတာ​ကြောင့်​ အလုပ်​တာဝန်​​တွေ များပြားလှသည်​ ။ ကိုကိုဟာ တစ်​ဦးတည်း​သောသား ၊ ကိုကို့အ​မေကလည်း ဒီသားတစ်​​ယောက်​ထဲရှိတာမို့ ကိုကို့အ​ဖေ ဆုံးပြီး​နောက်​ပိုင်း ကိုကိုပဲ အရာရာဦး​ဆောင်​ခဲ့ရသည်​ ။

ကိုကို့ရဲ့တည်​တင်းလှတဲ့ မျက်​နှာက တစ်​မျိုးစူးရှ​နေကာ ဆွဲ​ဆောင်​မှု ရှိ​နေတတ်​ပြန်​သည်​ ။ ကိုကို နဲ့ Hunnieနဲ့က အသက်​ချင်းသိပ်​မကွာ​ပေမယ့်​ Hunnieက ခုထိ က​လေးတစ်​​ယောက်​လိုမျိုး မရင့်​မကျက်​ရှိ​နေဆဲ ၊ ကိုကိုက​တော့ companyတစ်​ခုကို ဦး​ဆောင်​​နေတဲ့ သူ​ဌေး​လေးဖြစ်​​နေပြီ​လေ ။

Hunnieက ကိုကို့ကို ချစ်​လဲချစ်​ ၊ ​ကြောက်​လဲ​ကြောက်​ရသည်​ ။ ကိုကိုက Hunnieအလိုကျ ဘာမဆို  လိုက်​​လျော​ပေးတတ်​တဲ့ လူမျိုးမဟုတ်​ ၊ သူမလုပ်​ချင်​တာကို အတင်းဂျီကျရင်​ ​အော်​​ငေါက်​သည့်​ လူမျိုး ၊ ကိုကိုက အ​လျှော့​ပေးတတ်​သူ မဟုတ်​တာ​ကြောင့်​ Hunnieက အ​လျှော့​ပေးတတ်​သူ ဖြစ်​လာရသည်​။

ဝင်္ကပါလို အချစ်​Where stories live. Discover now