~1~

2.3K 240 4
                                    

"ဘယ်လိုလဲ သားကြီး မင်း posting ကနယ်ဘက်မှာဆို~"
round လှည့်ပြီးရာမှ ပြန်လာတဲ့ Kai ရဲ့မေးခွန်းကိုမအီမသာဘဲ ခေါင်းညိတ်ပြလိုက်တယ်~

"မင်း father ကြီးကမမိုက်ပါဘူးကွာ~"
duty coat ကို စားပွဲပေါ်လုံးထွေးပစ်တင်ရင်း Tao ဝင်ပြောတော့ Kai ကသူမသိသေးတဲ့ အကြောင်းအရာကိုစိတ်ဝင်တစားနဲ့မေးတယ်~
"ဘာဖြစ်လို့လဲ??"

"အောက်သက်ကျေအောင်လို့တဲ့ကွာ~အမှန်ဆို ကျောင်းပြီးတာနဲ့ ကိုယ့်ဆေးရုံကိုယ်ထိုင်ပေါ့~ခုဟာက Sehun's appa မမိုက်ပါဘူးကွာ~"

"မင်း appa ကိုက ဘုကန့်လန့်~ခုငါလဲ အဆူခံလာရတယ် သူ့ရှေ့မှာသန်းမိလို့တဲ့~လူဘဲကွာ တစ်ခါတစ်လေအိပ်ချင်မှာပေါ့~"
ညဘက်တွေဆို ဘာတွေလုပ်မှန်းမသိ နေ့လည်ဘက်ဆို အမြဲငိုက်နေတတ်တဲ့ Kai အကျင့်ကြောင့် appaရဲ့အဆူခံရတာလဲ အကြိမ်မနည်းပါဘူး~ဒါလည်း အမှတ်မရှိငိုက်တာပဲ အဲ့ဒါကြောင့်လည်း appa ကပြောတာ
~မင်းတို့ကောင်တွေက စာလေးတော်တာနဲ့ မြောက်ကြွမြောက်ကြွဖြစ်ပြီး ခြေဖနောင့်သံစူးနေတဲ့ကောင်တွေ~တကယ့်လက်တွေ့ဘဝကို မြင်ရမှ အချိုးပြေမှာတဲ့လေ

အဲ့တော့ သူပြောတဲ့ လက်တွေ့ဘဝကိုလေ့လာဖို့ ကျွန်တော် လူသူအရောက်အပေါက်နည်းတဲ့ နယ်မြို့လေးတစ်မြို့ကို ဒိုးရမယ်ပေါ့ဗျာ~
ဘယ်တတ်နိုင်မလဲ သူ့ခေတ်ပဲလုပ်ထားပေါ့~

~~~~~~~~~~~~

မှန်းထားသည်က ရုပ်ရှင်တွေထဲကလို ကားပေါ်က ဆင်းတာနဲ့ တစ်မြို့လုံးနီးပါးက ရောက်လာတဲ့ ဆရာဝန်အသစ်လေးကို ဝမ်းသာအားရကြိုဆိုကြမည်ပေါ့လေ~ကံကောင်းရင် ဒေသခံ အကလေးဘာလေးတောင် မြင်ချင်မြင်ရနိုင်သေးဆိုပြီး မာန်အပြည့်နဲ့လာလိုက်တာ ကားပေါ်က ဆင်းဆင်းချင်းမြင်ရသည်က ကားထွက်သွားတဲ့ ဖုန်လုံးကြီးရယ် bus-stop လေးရယ် ချောက်တီးချောက်ချက်သစ်ပင်လေးရယ်ကလွဲပြီး ဘာမှမရှိ~ယောက်ျားကြီးတန်မယ့် ဟစ်၍သာငိုလိုက်ချင်တာ ခုချိန်ကျွန်တော့်သေသွားရင်တောင် ဘယ်သူမှသိမှာမဟုတ်ဘူးဆိုတဲ့ အဖြစ်မျိုး~ph ဆက်ဖို့ကြိုးစားပေမယ့်လည်း ကံကောင်းလှစွာပဲ out of service ဖြစ်လေတဲ့ဘဝမထူးချေဘူးဆိုပြီး bus -stopမှာ တစ်နာရီလောက် အိပ်ငိုက်ပြီးသကာလမှာတော့ ဖွတ်ချက်ဖွတ်ချက်နဲ့ ဖုန်လုံးကြားက ထွေလာဂျီတစ်စင်းကိုတွေ့ရတယ်~

HeWhere stories live. Discover now