~final~

1.6K 205 5
                                    

"မင်းမှားတယ် luhan~"
အပြစ်တင်သံတစ်စွန်းတစ်စပါဝင်နေတဲ့ Baekhyun ရဲ့စကားထဲမှာ လူကမွန်းကြပ်လာသည်~

"ဘာလဲ?? ဟိုကမင်းကို ဘာတွေပြောလိုက်လို့ မင်းက ရှေ့နေလာလိုက်ရတာလဲ???"
ဒေါသသံကြောင့် အံ့သြသလို မျက်လုံးလေးဝိုင်းသွားတဲ့ Baekhyun ကြောင့် စကားမှားမှန်းသိလိုက်ပေမဲ့ ပါးစပ်ကတော့ ထွက်နှင့်ပြီးဖြစ်နေပြီ~

"sorry~ငါပြောချင်တာက~အာ!"
ပြုံးချင်ချင်နဲ့ ကြည့်နေတဲ့ Baekhyun အကြည့်တွေမှာ တောင်းပန်ရမယ့် စကားကအစရှာမရတော့ မျက်နှာကရဲလာက ဘယ်နားသွားပြေးထားရမှန်းမသိဖြစ်လာသည်။

"sulli ပြောပြလို့သိရတာပါ~Sehun က ကလေးဆန်တာမှန်ပေမယ့် မာနရှိတဲ့ယောက်ျားတစ်ယောက်ပါ~သူ့အပြစ်လျော့ပေါ့ဖို့ အတွက် သူများဆီမှာ အသနားခံမယ့် လူမျိုးမဟုတ်ဘူး~"
ဒီစကားတစ်ခွန်းမှာ ကျေနပ်သလိုဖြစ်သွားသည့် စိတ်ကဘာလဲ?? Sehun ယောက်ျားပီသတယ်ဆိုတာကြောင့်လား?? Baekhyun နဲ့ Sehun ပတ်သတ်မှုမရှိဘူးဆိုတာကြောင့်လား??
ဘုရားရေ~ဒါဆို ကျွန်တော်ရဲ့ ဒေါသဖြစ်တည်မှု အကြောင်းရင်းက Baekhyun နဲ့ Sehun ရင်းနှီးမှုကြောင့်ပေါ့~မဟုတ်ပါဘူး ကျွန်တော် အဲ့လောက်ထိ သဘောထားသေးတဲ့သူ မဟုတ်ပါဘူး~
သဝန်တိုတယ်~
သဝန်တိုရအောင် သူနဲ့ကျွန်တော်က...အား!!!
ကျွန်တော့်ခေါင်းထဲက ပေါက်ကရအတွေးတွေ တစ်ယောက်ယောက်က ယူသွားပေးပါ~

~~~~~~~~~~~~

"သူမနေ့ကလည်း night duty ပဲ...ဒါ့အပြင် ဒီမနက် emergency case ကြောင့် operation ဝင်လိုက်ရသေးတယ်~မင်းသိမှာပါ operation ဆိုတာ လူနာတင်မကဘူး ဆရာဝန်တွေပါ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ~အဲ့ဒါကို အနားမယူပဲ ဒီည night dutyဆိုတော့~သူမအိပ်ရတာ 48 နာရီလေ..."

Baekhyun ပြောနေတဲ့ စကားတွေက Sehun လဲကျရတဲ့ အဓိက တရားခံက ကျွန်တော်လို့ လက်ညှိုးထိုးနေသလိုပဲ...~

"ငါ...ငါမှ မသိတာ~သူကလည်း ပျော့လွန်းပါတယ်..."
Baekhyun ရဲ့ယောက်ျားပီသတဲ့ မျက်စောင်းကြီးလွင့်မလာခင် အခန်းပြင်ကိုတွန်းထုတ်လိုက်တယ်~

"မင်း သွားစရာရှိသေးတယ်မလား?? ငါသူ့ကိုကြည့်ထားလိုက်မယ်..."

HeWhere stories live. Discover now