Two

487 59 0
                                    

'Yi Fan Chanyeol မင်းတို့ဘယ်မှာလဲ'

ကလစ် ကလစ် ကလစ် ကလစ်

Tao သူတို့ရှိလောက်မယ့် အခန်းတံခါးကိုဖွင့်လိုက်တော့

'ဝှီး ဒေါက်'

Taoရုတ်တရက်ကြောင်သွားတယ် တရားခံက ဒင်းတို့

လက်တထွာသာသာအရုပ်လေး လက်ထဲမှာ လေးတစ်လက်ကိုင်ထားတယ် သံပတ်အရုပ်လေးထင်တယ်
'ဟားဟားဟားဟား'

'မင်းတို့ငါ့ကို ရန်စတာလား'

Taoဒေါသဖြစ်စွာနဲ့နဖူးကမြားတံလေးကိုဖြုတ်ယူပြီးဆွဲချိုးလိုက်တော့ Yi fanပျာပျာသလဲနဲ့

'ဟ ဟေ့ကောင် အဲ့ဒါအရေးကြီးတဲ့ပစ္စည်းကွ'

'သြော် တော်တော်အရေးကြီးတယ် ဒီလိုအရေမရ အဖက်မရက Chanyeol မင်းကကော မတားပဲ အားပေးအားမြောက်လား'

'မဟုတ်ပါဘူးကွာ မင်းကလည်းငါလည်းသူခေါ်လို့ရောက်လာတာ မင်းကကွက်တိထိသွားတာကိုကွ'

'မင်းဘာလိုချင်လို့လဲ'

Yifanစကားကြောင့် Taoရင်ထဲအောင့်မျက်သလိုဖြစ်သွားရတယ်

'ဘာလဲ ငါကလိုမှာလာတယ်ထင်နေတာလား အမြဲတမ်းလည်းလာနေကြဟာကို'

'ရှင်းရှင်းပြောပါ မင်းChanyeolကိုမနာလိုဖြစ်နေတာလား'

'ဘာာာာာာ'

Taoလက်ကချက်ချင်း ခါးမှာချိတ်ထားတဲ့ဓားဆီကိုလက်ရောက်သွားတယ် တကယ်တမ်းခုတ်ရက်တာလည်းမဟုတ်ဘဲနဲ့ ဟန်ပြပါ သိရက်နဲ့တားရသူက Chanyeol

'တော်ကြပါတော့ကွာ မင်းတို့ကလည်း စိတ်လျော့ Tao စိတ်လျော့'

Taoကတော့ တရှူးရှူးတရှဲရှဲနဲ့ဒေါသတွေလှိမ့်တွက်နေတာပေါ့ Yifanကတော့ဂရုမစိုက်သလို ဟိုဘက်လှည့်နေလေတယ် ကောင်စုတ် ကိုယ့်စတာကိုယ်မရှင်းဘူး Taoကိုစိတ်ပြေစေမယ့်နောက်ဆုံးလက်နက်ကိုထုတ်လိုက်တယ် အဲ့ဒါက

'Tao ဒီမှာကြည့် မင်းကြိုက်တဲ့ ပဲဝါလမုန့်'

'ပဲဝါလမုန့်' (အမှန်က တခြားမုန့်နာမည်ပါ မြန်မာလိုဘာသာပြန်လို့မရတဲ့မုန့်ဖြစ်နေလို့ပါ အဲ့ဒါကြောင့် အနော်ကြိုက်တဲ့မုန့်ကိုထည့်လိုက်တာပါ )

ကျွန်တော့ရဲ့တစ်ဦးတည်းသောချစ်သူWhere stories live. Discover now