Chen-အဲ့ဒါနဲ့ မင်းက အဲ့လို ပြောလာရလား baek
Baek-အေးလေ.. ငါ မုန်းလို့ မုန်းတယ်ပြောတာ
Chen-အဲ့အမုန်းတွေကနေ အချစ်တွေ ပြောင်းလာနိုင်တယ်ဆိုတာရော မင်းမခံစား မိဘူးလား..
Baek-bor.. Ya chen စုတ်.. သေချင်နေတယ်
Chen-မှန်တာပြောတာလေ
Baek-တော်ပီကွာ.. စာဆက်သင်.. Teacher Tao ဆူမယ်ကွ
Chen-စိတ်မဆိုးပါနဲ့ကွာ..
Chen-baekhyun..
Chen-baekhyun
သူတို့နှစ်ယောက် စာသင်ရင်းလေပေါနေတာ ဖြစ်သည်...
Tao- Byun Baek!
Baek-ဘာတုန်းကွာ...
Baek လည်း သူ့ဘေးက Chen ကို မော့ကြည့်လိုက်တော့ မျက်လုံးအဝိုင်းသားလေးနဲ့ baek ကိုကြည့်နေတယ်..အဲ့တော့မှ baek လည်း ဟိုဘက်လှည့်လိုက်တော့
Baek-ဟာ teacher.. ကန်တော့နော် ကန်တော့..
Tao-ဘာမှမကန်တော့နဲ့.. မင်း စာလိုက်နားမထောင်ဘဲ လေပေါနေတယိ..
Baek-ဟိုလေ.. အဲ့ဒါက
ထိုစဉ် ကျောင်းခေါင်းလောင်းတီးသဖြင့်
Baek-ကျောင်းဆင်းပြီ teachet ရဲ့.. တာ့တာနော်..
Baekလည်း ပစ္စည်းတွေကို မ ယူ ပြီး အသာလေး ထွက်သွားမယ်အလုပ်.. Tao က ဂုတ်မှ ဆွဲပြီး..
Tao-ပြန်ထိုင်.. အားလုံးပဲ.. ဒီတစ်ခါ အားကစားရုံ သန့်ရှင်းရေးက Baekhyun ပဲဟေ့.. နောက်ရက်တွေ လေပေါရဲ ပေါကြည့်..ပေါတဲ့ကောင် လုပ်ရမယ်..
အတန်းထဲကကျောင်းသားတွေ ကိုယ်စီ ကိုယ်စီ ထွက်သွားကြပြီ... chen တို့အုပ်စုကလည်း လျှာထုတ်ပြောင်ပြသွားကာ ထွက်သွားသည်.. baek လညိး ကျောပိုးအိတ်ကိုဆွဲကာ အားကစားရုံဘက်ထွက်ခဲ့သည်..
ကြမ်းတိုက်နေရင်း...
Baek-Chen စုတ်... အလကား လေပေါနေတယ်.. သူ့ကြောင့်... အမ် မဟုတ်သေးဘူး.. ဒါ ဟိုလူကြီးအကြောင်းပြောရင်း ဖြစ်သွားတာ ဆိုတော့ ဟိုလူကြီးကြောင့်...နေပါအုံး.. သူ လာကြိုနေမယ် ထင်တယ်.. မတွေ့ရင်တော့ ဒုက္ခ.. နေစမ်းပါအုံး... မတွေ့တော့ ဘာဖြစ်လဲ.. ငါ့ကိုမတွေ့မှတော့ သူလည်း အိမ်ပြန်လောက်ပြီ... ငါလည်းတစ်ယောက်ထဲပြန်ရမှာဆိုတော့ ကောင်းတာပေါ့....ပင်ပန်းလိုက်တာ.. စောပါသေးတယ်.. ခဏလှဲအိပ်အုံးမှ....