Part(5)

626 54 2
                                    

*နင်မသိတာရှိတယ်..
ငါနင့်နားမရှိနေနိုင်တော့ဘူးဆိုတာနင်မသိဘူး*

Feb 14;;

ဒီနေ့ချစ်သူများနေ့တဲ့လေ..
ကျနော်နဲ့မဆိုင်သလိုဘဲ
မနက်အိမ်ကထွက်လမ်းလျှောက်လာကတည်းကစုံတွဲဝတ်စုံတွေနဲ့ကောင်လေးတွေရယ်၊ကောင်မလေးတွေရယ်အများကြီးဘဲတွေ့နေရတယ်။

စိတ်ထဲမှာနာကျင်ရသလိုဘဲ..

**ငါမနာလိုနေတာဘဲဖစ်မာပါ.**

ကိုယ့်အဖစ်ကိုကိုယ်တွေးပီးရယ်လိုက်ရင်းလမ်းကိုဆက်လျှောက်လာလိုက်တယ်။
လမ်းလျှောက်ရင်းကောင်မလေးတယောက်...
မြင်ဖူးသလိုရှိတာနဲ့ကျနော်ဆက်ကြည့်နေလိုက်တယ်..
.....အော်..လက်စသတ်တော့..Sooကြိုက်နေတဲ့မိန်းမဘဲ..အကျီအနီနဲ့သူ့ဘေးကကောင်လေးတယောက်ကိုမြင်ပီးကျနော်နည်းနည်းစဉ်းစားနေမိတယ်။

သူနဲ့အဲ့ကောင်လေးကဘယ်လိုပတ်သတ်နေတာပါလိမ့်??

Sooကရော သူနဲ့တွဲနေတဲ့မိန်းကလေးကအခြားတယောက်နဲ့တွဲနေတာမသိဘူးလား??

ဘာတွေလားကွာ??စိတ်ရှုပ်သလိုဖြစ်နေတာနဲ့ဘဲ ကျနော်ပြန်လှည့်ပီးလျှောက်နေလိုက်တယ်

**Sooနင်မသိဘူးမလားနင်ချစ်တဲ့သူကသူများနဲ့တွဲနေတာ**

**Sooနင်မသိဘူးမလားငါနင့်ကိုချစ်နေတာကို**

**Sooနင်မသိဘူးမလားနင့်ချစ်သူကသူများပျော်နေချိန်နင်စိတ်ဆင်းရဲရတဲ့အခါငါလည်းနင့်ကြောင့်စိတ်ဆင်းရဲရတာကို**

**Sooနင်ဘာမှမသိပါဘူးဟာ..နင်သိရင်ခံစားရမှာ**
ငါဆိုတဲ့ကောင်က နင်ရမဲ့ဒဏ်ရာကိုဆက်ခံဖို့အတွက်မွေးလာတဲ့ကောင်ပါ..

*နင်ငါ့ရောဂါကိုမသိသေးပါဘူးသိလည်းထူးခြားလာမှာမဟုတ်ပါဘူး။ငါဒီတသက်နင်မသိအောင်ဘဲဖုံးကွယ်လိုက်တော့မယ်။နင်တချိန်တော့သိလာမှာပါ။နင်သိလာတဲ့အချိန်ရောက်ရင်လောကကြီးမှာငါဆိုတဲ့ကောင်ကရှိချင်မှရှိနေနိုင်တော့မှာလေ*

*_*_*_*_*_*_*_*_*_*_*_*_*_*_*_*

Soo's pov>> ဒီနေ့ကချစ်သူများနေ့ဆိုတော့ငါBaekအတွက်ဘာလက်ဆောင်ပေးရင်ကောင်းမလဲ??

အချစ်ကိုမုန်းတယ်Where stories live. Discover now