Starting Point

863 47 4
                                    


ပူတင်း ၂ဘူး

ပဲပေါင်မုန့် ၄ထုပ်

ဂျယ်လီ ၃ဘူး

ပြောင်းဖူး ပေါက်ပေါက် ၂ထုပ်

ခေါက်ဆွဲခြောက် ၂ထုပ်

မက်မွန်သီး အအေး ၂ဗူး

ဒီလောက်ဆို လုံလောက်ပြီဟု တွေးပြီး ငွေရှင်းကောင်တာရှေ့ တန်းစီနေသည့် လူတန်းထဲ ဖြတ်ဝင်လိုက်သည်။ စတိုးဆိုင်ထဲ မုန့်ဝယ်တာ တစ်နာရီနီးနီး အချိန်ဖြုန်းပြီးပြီဆိုတော့ ဒီ့ထက် ထပ်ကြာနေလို့ မဖြစ်တော့။ ဆိုင်စောင့်တာဝန်လဲဖို့ Dara မ က ပွစိပွစိဖြစ်တော့မည်။

"ဟေ့ အဒေါ်ကြီး ကြားမဖြတ်နဲ့"

အနောက်ကနေ ပုခုံးကိုဟဖတ်ကနဲ လာပုတ်တဲ့ လက်ကို ရန်ထောင်မလို့ အလှည့်၊ ခြင်းယူရမှာ ပျင်းလို့ လက်ထဲ တပွေ့တပိုက် ပိုက်ထားတဲ့ မုန့်ထုတ်တွေက တထုပ်ပြီး တထုပ် ပြုတ်အကျ၊ မုန့်တွေကို စိတ်ပူပြီး ကိုယ်ကလဲ ကုန်းအကောက်၊ အနောက်ကနေ ကိုယ်ကြားမဖြတ်ရပါပဲ ဖြတ်တယ်လို့ မတရားစွပ်စွဲတဲ့ ငတိကလဲ ကုန်းအကောက်။

"ခွပ်"

သူရောကိုယ်ပါ ကြမ်းပြင်မှာ ဖင်ထိုင်ရက် ပက်လက်တွေလန်လို့။ လက်ထဲက အဖိုးတန် အမျိုးမှန် မုန့်ပေါင်းစုံကလဲ ကြမ်းပေါ်မှာ ပြန့်ကျဲလို့။

"အဒေါ်ကြီးရာ မျက်စိများ မှုန်နေသလား။ နာတာဗျာ။"

ကိုယ့်ဘာသာ နာတာတောင် အေးဆေးမနာနိုင်ပဲ ကျူးကျူးကျော်ကျော်စော်စော်ကားကား ကိုယ့်ကိုယ် အဒေါ်ကြီးလို့ ခေါ်တဲ့ လဒဟာ ဘယ်လောက်များ ငယ်နေလဲလို့ ပြူးကြည့်လိုက်သည်။

"နေပါဦး ငါ့ကို အဒေါ်ကြီးလို့ ခေါ်ရအောင် နင်ကော ဘယ်လောက်ငယ်နေလို့လဲ။"

ဒင်းရဲ့ ဖောင်းကားကားမျက်နှာကို လက်ညှိုးနဲ့ စေ့စေ့ထိုးပြီး ရန်ထောင်ပစ်လိုက်သည်။
ဒင်းက ကိုယ့်ထက် အလွန်ဆုံး ငယ်မှ နှစ် နှစ်၊ သုံးနှစ်။

အဲ. . ကတော့ မကဘူး။

လေး ငါး ခြောက်နှစ်။
ဟင် ဒင်းက ဒီလို ရယ်လိုက်ပြန်တော့ ပါးစုံ့တွေထွက်ပြီး ပိုငယ်သွားသလိုလို။
ကိုးနှစ် ဆယ် နှစ်။
အို အလွန်ဆုံးငယ် ငါ ဆယ့်ငါးနှစ်မှာ လင်ယူ ကလေးမွေးရင် ငါ့သား အရွယ်ပေါ့အေ။

You Who Came From CornWhere stories live. Discover now