The Story Goes On

371 33 1
                                    

"ဆောရီးကွာ။ ဒါလေးလုပ်နေလို့ကြာသွားတယ်။"

သူက ပြောရင်းနဲ့ ကျော်ဘက်ကနေ ကျော်ပြီး စားပွဲပေါ်ကို တစုံတခုချလိုက်သည်။ မသိရင် လူကို အနောက်ကနေ သိုင်းဖက်လိုက်သလိုပဲ။ သူကုန်းတဲ့ အချိန် ရင်ခွင်ထဲပဲရောက်သွားသလိုလို သူ့ကိုယ်နံ့က နှာခေါင်းထဲ အသက်အောင့်ထားရက်ကနေ ဝင်လာသည်။ ဒါ နာမည်ကြီး ရေမွှေးနံ့ထဲက တစ်ခုခုပဲ။

ဘာအနံ့ပါလိမ့်။

နှာခေါင်းကအနံ့ကို လိုက်ရှူနေမိတဲ့အချိန် တခြား အနံ့တစ်ခုက နှာဝကို တိုးဝင်လာသည်။ ချိုအီမွှေးပြီး အဆီအနှစ် အနံ့အရသာနဲ့ပြည့်စုံလို့ အကြောပေါင်း တစ်ထောင်စိမ့်သွားစေမယ့် အနံ့။

ပြောင်းဖူး ထောပတ်အနံ့။

မျက်လုံး က စားပွဲပေါ်မှာ သူချလိုက်တဲ့ ပန်းရောင် ကြွေခွက်ထဲက ရွှေဝါရောင် အဆင်းနဲ့ တောက်ပ လင်းလက်ပြီး လာပါဟဲ့ စားပါဟဲ့ လက်ယပ်ခေါ်နေတဲ့ ပြောင်းဖူးစေ့ လေးတွေစီ ရောက်တာကမှ နောက်ကျဦးမည်။ ဦးဏှောက် ထိန်းချုပ်မှုအောက်က လွတ်နေသည့် လက်က အလင်းထက်မြန်တဲ့ နှုန်းနဲ့ ပြောင်းဖူးစေ့တွေကို ဇွန်းနဲ့ကော်ပြီး ပါးစပ်ထဲထည့်ပြီးပြီ။

သူ့ရဲ့ အရသာက

ဘယ်လိုပြောရမလဲ။

ဘယ်လိုပြောရမလဲ။

မျက်လုံးစုံမှိတ်ပြီး ပြောင်းဖူးရဲ့ ထူးကဲတဲ့ အရသာကို ခံစားနေတာ ပတ်ဝန်းကျင်ကိုတောင် မေ့နေသည်။
မျက်လုံး ပြန်ဖွင့်ကြည့်တော့ သူ့ကို ဂြိုယ်သားမြင်သလို ပြူးကြည့်နေတဲ့ Choi Seunghyun. ကလေး မုန့်ကျွေးပြီး စားနေတာကို ပျော်ပျော်ကြီးကြည့်နေတဲ့ ကလေးဖမ်းသမားရုပ်နဲ့ Lee Seunghoon.

"အဟမ်း"

အရှက်ပြေ လည်ချောင်းရှင်းပြီး ဘာပြောရမလဲ စကားရှာမရ။

Lee Seunghoon က ခါးကုန်းပြီး သူ့မျက်နှာကို ကိုယ့် ဘေးမှာ ယှဉ်ရပ် ထိမတတ် ကပ်မတတ် ဖြစ်နေတာ ပိုဆိုးသည်။

"သွားကြမယ်လေ။ နောက်ကျနေမယ်။"

ကိုယ်တော်ကပြောရင်း ထဖို့ လက်တဖက်ကမ်းလာသည်။ ဘယ်သွားရမှာတုန်း ဘာမှတောင် မစားရသေးဘူး။

You Who Came From CornTempat cerita menjadi hidup. Temukan sekarang