အပိုင်း (၁)

2.2K 171 15
                                    

ကျွန်​​တော်​ ကမ်း​ခြေနားက ​ကျောင်​​ဆောင်​​ပေါ်မှာ ထိုင်​ရင်းစဉ်းစား​နေမိသည်​။ အကယ်၍ ကျွန်တော် ရှေ့ကိုသာ ဆက်တိုးလိုက်မယ်ဆိုရင် ဟိုးအရှေ့မှာ မြင်နေရတဲ့ ပင်လယ်ကြီးထဲ ကျွန်တော် ကျသွားလိမ့်မယ်။ ပြုတ်ကျပြီး ရေနစ်သွားခဲ့ရင်တောင်မှ ရေမကူးတတ်တဲ့အတွက် ကျွန်တော် သေကံရောက်မှာပဲ ။ လည်ပင်းမှာ ငယ်ငယ်လေးတည်းက ဆွဲထားတဲ့ Angel ဆွဲကြိုးလေးကို ကျွန်တော် အင်္ကျင်္ီလည်ပင်းအောက်ထဲက ဆွဲထုတ်ကာ ကိုင်လိုက်သည်။
ဒီဆွဲကြိုးက ဒေါ်လေး ကျွန်တော့အတွက်ဆိုပြီး ပေးထားခဲ့တဲ့ တစ်ခုတည်းသော အမွေ ။ ငယ်ငယ်လေးတည်းက မိသားစုဆိုသောစကားလုံးနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့တဲ့ ကျွန်တော် ၊ ဒေါ်လေးလို့ မှတ်ယူရသည့် သူမနှင့်ပင် နှစ် ၂၀ ကြာ အတူတူ ဖြတ်သန်းခဲ့ရသည်။

အခု ဒေါ်လေးကလွဲပြီး ခိုလှုံစရာ မရှိသော ကျွန်တော့ကို ဒေါ်လေးက ထပ်မံထားသွားခဲ့ပြန်သည်။ သွေးကင်ဆာ နောက်ဆုံးအခြေအနေရောက်ကာမှ " သား ဒေါ်လေးကို ကယ်တင်ဖို့ မကြိုးစားပါနဲ့ ။ ဒေါ်လေးအတွက် အဆင်ပြေပါတယ် ။ သား ကောင်းကောင်းနေရစ်ခဲ့ပါ " ဆိုသော စကားသုံးခွန်းပြောပြီး နာရီဝက်အကြာမှာ ကိုယ့်မျက်စိရှေ့မှာတင် ရုတ်ချည်း ထွက်ခွာသွားခဲ့သော သူမကြောင့် ဆောက်တည်ရာမရဖြစ်ခဲ့သည်။ ဪ ~ သေခြင်းတရားသည်လည်း အချိန်ခဏလေးအတွင်းလည်း ဖြစ်တည်တတ်ပါလား!

" သား ရော့ ဒါလေးကို ယူထား "

" သား ဒေါ်လေးကို သတိရရင် ဒီဆွဲကြိုးလေးကို ကိုယ်နဲ့မကွာ ဆွဲထား ။ ဒေါ်လေး သားအနားမှာ အမြဲရှိနေမယ် "

ဒေါ်လေး ဆုံးသွားသောနေ့က သိသိသာသာ မိုးသည်းထန်စွာ ရွာခဲ့သည်။ သိသိသာသာကိုပဲ ကျွန်တော်လည်း ဈာပနာပြီးသည်အထိ တစ်လျှောက်လုံး မရပ်မနား ငိုကြွေးခဲ့သည်။

အခုဆို ကျွန်တော် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

ကိုယ့်ဘဝကိုယ် အဆုံးသတ်ဖို့ ကြိုစားလိုက်ရင်း အရှေ့ကို နှစ်လမ်းတိုးလိုက်သည်။ တစ်လှမ်းထပ်တိုးလိုက်ရာ လေဟာပြင်ကို ခံစားလိုက်ရပြီးနောက် ပင်လယ်ထဲ ထိုးကျသွားသည်။ ပင်လယ်ထဲမှာ ကျွန်တော် ရုန်းကန်နေမိသည်။ အသက် မရှူနိုင်ဘူး! ဒေါ်လေး ... ဒေါ်လေး နောက် ကျွန်တော် လိုက်လာပြီလေ။ ရေနက်ထဲသို့ တဖြည်းဖြည်းရွေ့ကာသွားရင်း အရာအားလုံး အမှောင်ထုထဲ ကျရောက်သွားသည်။

" ဒီမယ် ဒီမယ် .... ထပါအုံး အဆင်ပြေရဲ့လား "

ကျွန်တော့ရှေ့မှ ဝိုးတဝါး မြင်ရတဲ့ ထိုကောင်လေးက ကျွန်တော့ကို နှုတ်ခမ်းချင်းတေ့ကာ လေသွင်းပေးသည်။ ကောင်လေးရဲ့ ကျေးဇူးကြောင့် အသက်ရှင်ခဲ့ရပေမယ့် ထိုကောင်လေးက လူစိမ်းလေ ..... ကျွန်တော့ မျက်လုံးကို ပြူး ကျယ်နေအောင် ဖွင့်လိုက်ရင်း ထိုကောင်လေးကို ကြည့်လိုက်သည်။

" Butterfly! "

ကျွန်တော့ရဲ့ မျက်လုံးထဲမှာ ဝိုးတဝါးမြင်လိုက်ရတဲ့ ထိုကောင်လေးက တစ်ကယ့်ကို လိပ်ပြာကလေးနဲ့ တူသည်။ အတောင်ပံလှလှလေး တစ်စုံကို ပိုင်ဆိုင်ထားသည့် လိပ်ပြာလူသားကလေး ......

သူ့ကို ကျွန်​​တော်​ နာမည်​​လှလှ​လေးတစ်​ခု​ ပေးမိသည်​။
Butterfly လို့ ...

To be continued ~

Hello there ^^ This is my first intro part and first time starting my own fic here !!!!

You can read my other personal fanfics on @LightsUpWind ~

ဒီ Kaisoo_planet ထဲမှ ထည့်​​ပေးတဲ့အတွက်​ ​ကျေးဇူးပါဗျာ ~ အ​ကောင်းဆုံးကြိုးစားပါ့မယ်​လို့ ^^















ButterflyWhere stories live. Discover now