" မင်း ဘာကို စိုးရိမ်နေလဲ ငါသိတယ် ... အဲ့တာကြောင့် မင်း အဆင်ပြေမယ့် အချိန်ထိ မင်းနဲ့ အဝေးမှာ နေပေး ပါ့မယ်။ ဒါပေမယ့် ငါ့မှာ မင်းကိုကာကွယ်ရမယ့် တာဝန်တော့ ရှိနေသေးတယ်။ "
အဲ့ဒီ့စကားလုံးတွေကြောင့်ပဲ ကျွန်တော် နေသာရသည်။ သူ နဲ့ ကျွန်တော် အိမ်အထိ ဘတ်စ်ကားစီးပြီး ပြန်လာကြသည်။ ကားပေါ်မှာ ထိုင်နေရင်းပင် ဒေါ်လေးအကြောင်း ဆက်စဉ်းစားမိသည်။ အခုချိန်မှာ ဒေါ်လေး ကျွန်တော့ အနားမှာ မရှိတော့ပေမယ့် Kyung Soo ရှိနေသေးသောကြောင့် ကံကောင်းပါသည်။ ကျွန်တော့ မျက်ရည်တွေ အတားအဆီးမရှိ ကျလာပြန်တော့ ပါးနှစ်ဖက်ကို အသာအယာဆုတ်ကိုင်ကာ မျက်ရည်သုတ်ပေးသော သူ ....
သူ့ကို မော့ကြည့်လိုက်တော့ သူ့ကိုစစတွေ့ချင်းက ပုံစံအတိုင်း
ကျောနောက်မှာ အတောင်ပံလေးတစ်စုံနှင့်ပင် ....." အတောင်ပံတွေ?? "
" Ahhh မင်း ထပ်မြင်ပြန်ပြီလား "
ကျွန်တော် ဘတ်စ်ကားပေါ် လှည့်ပတ်ကြည့်လိုက်ရင်း ခရီးသည်တွေကို အကဲခတ်လိုက်သည်။ သူတို့ကို ကြည့်ရတာ ဘာမှ မဖြစ်ကြသလိုပင် ။
" ဘာကြီး ? "
ဒီလောက်တောင် အတောင်ပံ ကြီး တဖားဖားနဲ့ အရှေ့မှာ ဖြစ်နေတာကို ဘယ်သူမှ သတိမထားမိဘူး ဆိုတော့? ဘာလို့ တစ်ယောက်မှ ဘာမှ မဖြစ်သလို ဖြစ်နေကြတာလဲ။
" ဟိတ် မင်း ဘာတွေ လျှောက်ကြည့်နေတာလဲ။ အသိ တွေ့လိုက်လို့လား ။ "
" မဟုတ်ဘူး ။ ဒီအတိုင်း ... ဒါနဲ့ မင်းရဲ့ အတောင်ပံတွေကို အခြားသူတွေ ဘယ်သူမှ မမြင်ကြဘူးလား ။ ဒါမှ မဟုတ် ငါတစ်ယောက်တည်းကပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား ။ "
"အာ .... မင်းက လတ်စသတ်တော့ အဲ့တာကို သိချင်နေတာကိုး "
" အင်း သိချင်တယ် ။ "
" တစ်ကယ်တော့ ငါ့ရဲ့ အတောင်ပံတွေကို မင်းတစ်ယောက်တည်းပဲ မြင်ရတာ ။ "
" တစ်ကယ်? ဘာလို့ ငါတစ်ယောက်တည်းပဲ မြင်ရတာလဲ။ "
" မင်း ဝမ်းနည်းတဲ့ အခါမျိုးပဲ ဖြစ်ဖြစ် မင်း ပျော်ရွှင်နေတဲ့ အချိန်မျိုးပဲ ဖြစ်ဖြစ် မင်း ဆွဲကြိုးလေးကို ကိုင်ပြီး တိုင်တည်လေ့ရှိတယ်မလား ။ အဲ့လို အချိန်တိုင်း ဘာလို့မှန်းမသိ ငါ့ရဲ့ ကျောနောက်မှာ တောင်ပံလေးတွေ ထွက်ပေါ် လာတတ်တယ် ။ တစ်ကယ်တော့ ငါလည်း လူသားတစ်ယောက်လိုပါပဲကွာ ။ "