Juneeဟာ ရပ်ထားတဲ့ သူ့ကားစီအရောက် ကားသော့ဖွင့်ဖို့ကြည့်လိုက်တော့ မောင်းတဲ့ဘက်ခြမ်းက ကားတံခါးကနေ နောက်ခုံရှိရာ တံခါးတလျှောက်မှာ ဆွဲခြစ်ခံထားရသလို ဆေးပွန်းရာကြီးက ကားအဖြူရောင်လေးမို့ ထင်းနေသည် ။ သူ့ကားဘေးမှာတော့ အနီရဲရဲပြိုင်ကားတစ်စီးရှိသည် ။
"အဲ့ဒီကားကြီး နောက်ဆုတ် car parkingဝင်တော့ သူ့နောက်ဘန်ပါကြီးနဲ့ ဆွဲခြစ်သွားတာ အစ်မ "
Juneeက ဘာရယ်မဟုတ် ဟိုကြည့် ဒီကြည့်လုပ်နေရာမှ ထိုကားကို စိတ်ဝင်စားစွာကြည့်နေစဉ် သူတို့ဆိုင်ရှေ့က အသိလူတစ်ယောက်က လှမ်းပြောသည် ။
"ဟုတ်လား ၊ ဒီမှာကြည့်ပါဦး ဘေးတခြမ်းကြီးပွန်းသွားပြီ "
"မြင်တဲ့လူတွေက သူကားနောက်ဆုတ်ကထဲက ငြိပြီ ငြိပြီ ပြောတာနားမထောင်ဘူး ၊ တအားဆုတ်ဝင်လာတာ "
"ကား ဒီမှာရပ်ထားသေးရင်တော့ ဒီလူ ဘယ်မှမသွားသေးဘူးပေါ့ ၊ အဲ့ဒီလူ ဘယ်ထဲဝင်သွားလဲ မြင်လိုက်လဲဟင် "
"မမြင်လိုက်ဘူးဗျ .."
ခဏနေတော့ လူရိပ်တရိပ် အနီရောင်ကားလေးနား ဖျက်ကနဲ ရောက်လာတာတွေ့လိုက်ရသည် ။ တောင့်တင်းတဲ့ခန္တာကိုယ်နဲ့ မြင့်၂မား၂အရပ် ၊ ခပ်ထူ၂နှုတ်ခမ်း နဲ့ မျက်ခုံးထူ၂မည်း၂ ၊ ရုပ်ကလဲခက်ထန်နေသလို ဒါပေမယ့် ရုပ်ကခက်ထန်နေတာက လွှရင် ကျန်တာအားလုံးကြည့်ကောင်းသည် ။ ထိုသူက Juneeကို ခပ်တည်တည်စိုက်ကြည့်ပြီး ကားတံခါးဖွင့်ဖို့ ပြင်တော့..
"ဒီမှာ...ဒီမှာ..."
Juneeအလျင်အမြန်ပင် လှမ်းခေါ်လိုက်ပြီး တားလိုက်သည် ။ ထိုသူက စူးစိုက်ကြည့်နေသည် ။ အကြည့်ကလည်း ရင်ထဲအေးခဲသွားသလိုပင် ။ Juneeက သူ့အကြည့်ကို ကျောချမ်းသလိုဖြစ်သွားကာ ပြောမည့်စကားတေ၊င် လည်ချောင်းမှာ တစ်ဆို့နေသည် ။
"ဘာကိစ္စလဲ.. "
ထိုသူ့အသံထဲမှာ ဟိန်းဟောက်သံပါနေသည် ။ Juneeလဲ အားတင်းလိုက်ပြီး...