My Name - Ki Ki
My wp name - lovelykaisu
My Fb name - Kuchiki K Su
My B.D - 22.05.1997
အနော်တို့ ဒီနေ့ Kaisoo_Promise_Land ရဲ့ တစ်လပြည့်တဲ့အချိန်အထိ အစဉ်မပြတ် အားပေးကြပါသော follow ပေးကြပါသော reader အားလုံးကို အထူးပဲ ကျေးဇူး တင်ရှိပါတယ် Dika couple လေးကို ချစ်မြတ်နိုးသော Exo-l များအတွက် Dika story များ ကြိုးစားပြီး ရေးသားပေးသွားပါ့မယ် အနော်တို့ကို အားပေးကြပါနော်
Present fiction for my readers
# Lovely Dream #
် လက်ဆောင်ဘူးလေးကို သေချာပါကင်ပိတ်လိုက်ပြီး ပိုစ့်ကတ်ဒ်ပေါ် စာကြောင်းလေးရေးလိုက်တယ် ပြီးတော့ ပိုစ့်ကတ်ဒ်လေးကို ဘူးပေါ်မှာ ရှိတဲ့ ဖဲကြိုးကြားအသာလေးညှပ်ထားလိုက်တယ်....
မနက်ထဲကရွာနေတယ့်မိုးက အခုတော့နည်းနည်းစဲနေပါပြီ....တိတ်တော့မတိတ်သေးပါ....
လက်ဆွဲသေတ္တာကိုတစ်ဖက်၊ကျောပိုးအိတ်တစ်ဖက်ကို လက်ကနေဆွဲထားပြီး အခန်းထဲကိုတစ်ချက်ဝေ့ကြည့်လိုက်တယ်..ဘာများလိုသေးဦးမလဲလို့ ....တံခါးတွေသေချာပိတ်ပြီးပြီ....သူ့အတွက် မွေးနေ့လက်ဆောင်တွေကိုလဲ ဗီရိုထဲမှာ သူ့နေရာနဲ့သူ သေချာစီထည့်ထားပြီးပြီ။ ဒီနှစ် အတွက်ပါဆိုရင် အားလုံးပေါင်း ၅ နှစ်စာပေါ့ ။ ဗီရို ထဲမှာရှိနေတယ့် လက်ဆောင်ဘူးလေးတွေ ကတော့ ကျွန်တော်ပြန်အလာကိုပဲ စောင့်နေမလား ။ သူ့ပိုင်ရှင် ရဲ့ နွေးထွေးတယ့်လက်အစုံနဲ့ ပဲ မြတ်နိုးစွာနဲ့အကိုင်ခံရမလား။
Marseille Provence လေဆိပ်ကိုဆိုက်တော့ မနက် ၆ ခွဲနေပြီ ။ သူ Seoul ကနေ ခွဲခွာလာခဲ့တာ ၁၂ နာရီ ကျော်ပြီဘဲ။
သူ့ကိုလာကြိုတယ့် Dr.Chanyeol နဲ့ Saales မြို့ကို ထွက်ခဲ့တယ်....အာ့ဒီမှာ သူကြိုက်တယ့် lavender ပန်းခင်းကြီးက သူ့ကိုစောင့် ကြိုနေလျက်.......သူ တည်းခိုမယ့်နေရာကိုရောက်လာတော့ ခရီးပန်းတာကြောင့် ရေမိုးချိုးပြီး တစ်ရေး အိပ်လိုက်တယ် နိုးလာတော့ Dr.Chanyeol နဲ့ သူ့ ကောင်လေး Baekhyun တို့ နဲ့ ညနေစာစား ပြီးလုပ် စရာရှိတာတွေကိုလုပ်နေလိုက်တယ် ။
သူမနက် အစော ကြီးနိုးလာလို့ သူ သဘောကျတယ့် lavender ပန်းခင်းကြီး ထဲမှာ နေထွက်တာကိုစောင့်ရင်း လမ်းလျှောက်နေ လိုက်တယ် ....
တစ်နေရာအရောက် သူ့မျက်နှာချင်းဆိုင်မှာသူ့ကိုပြုံးပြီးစိုက်ကြည့်နေတယ့် ကောင်လေးကိုသတိပြုလိုက်မိတယ်...
ဝမ်းသာမှု၊ပျော်ရွှင်မှု၊လွမ်းဆွေးမှုတို့ စတဲ့ခံစားချက်တွေရောပြွမ်းလာခဲ့တယ်...
ရုတ်တစ်ရက်ကြီးပျောက်သွားပြီး ယခုလိုမမျှော်လင့်တဲ့အချိန်မှ ပြန်တွေ့ရတော့လူကဘယ်လိုခံစားချက်မျိုးမှန်းမသိ.....