The End ???

1.1K 84 10
                                    

My Name : Naw

My wp name: nandarlwin

My fb name: Baekyeollie Dika iz Real

My bd: 26.6.99

-----------------------------

Saengတို့ ဒီနေ့ kaisoo-promise-landရဲ့တစ်လပြည့်တဲ့အချိန်ထိ အစဉ်မပြတ် အားပေးကျပါသော followပေးကြသော readersများကို အထူးပဲကျေးဇူးတင်ရှိပါသည်
Dika couple လေးကို ချစ်မြတ်နိုးသော exo lလေးများအတွက် Dika storyလေးများကို ကြိုးစားပီး ရေးသားပေးသွားပါ့မယ်ရှင့် saengတို့ကိုအားပေးကြပါနော်

-----------------------------

ဒေါင်..........

ည ၁၂ နာရီထိုးလို့နာရီကနေ အချက်ပြနေပီ သူကတော့ ခုထိ မအိပ်ရသေးပေ ညတိုင်း သူ့ကိုလွမ်း လွန်းလို့ အိပ်မရပေါင်းလည်း များလှပီ ငိုရလွန်းလို့လည်း ခေါင်းတွေ ထိုးပီး ကိုက်နေသည် ဒါတောင် သူ့မျက်ရည်တွေ မကုန်သေး "၄ နှစ်" ဟုတ်ပါတယ် "၄နှစ်"ရှိပီ သူကျွန်တော့ ဘဝထဲက ထွက်သွားတာ "၄ နှစ်"ရှိပီ ဒါပေမယ့် သူ့ကိုတစ်နေ့မှ မမေ့.. နေ့တိုင်း ညတိုင်း သတိရသည် သေလောက်အောင် လွမ်းလှသည်...သူရော ကျွန်တော့ကို သတိရသေးရဲ့လား.. ကုတင်ဘေးနားက စားပွဲခုံလေးပေါ်က ဒိုင်ယာရီစာအုပ်လေးကို ယူပီး စာရွက်လေးကိုလှန်ကာ ဘောပင်လေးကိုကိုင်ပီး...

"Hunnie ဒီနေ့ရော နေကောင်းရဲ့လား ငါမရှိတဲ့အရပ်မှာနေရတာရော အဆင်ပြေရဲ့လား လွမ်းတယ် sehun na..ငါမင်းကို သေမလောက်အောင်ကို လွမ်းတယ် မင်းပြောတဲ့ မင်းကိုချစ်ရင် မင်းကို လွတ်လပ်ခွင့်ပေးဆိုလို့ ငါမင်းကို လက်လွှတ်ခဲ့ပီး လွတ်လပ်ခွင့်ပေးခဲ့တယ် ပျော်နေရဲ့လားsehunnie.. " ရေးရင်းနဲ့မျက်ရည်တွေ ကျလာကာ ငိုရလွန်းလို့ ပင်ပန်းပီး အိပ်ပျော်သွားခဲ့သည် ဒီညလည်း မျက်ရည်နဲ့ပဲ သူ့ရဲ့တစ်နေ့တာကို အဆုံးသတ်ခဲ့ရပြန်ပါသည်...

"Luhan ထသေးဘူးလား ya ထတော့ ၉နာရီခွဲနေပီ အဲ့ကောင် ညတုန်းကလည်း ငိုထားပြန်ပီနဲ့တူပါတယ်   မပင်ပန်းသေးဘူးလားကွာ မင်းသူ့ကို မေ့သင့်ပီ " xiuminပြောနေတဲ့ စကားတွေအကုန် luhanတစ်ယောက် ကြားပါသည် sehunဆိုတဲ့ အသံလေးကြားတာနဲ့ သူ့ရင်ဘတ်ထဲမှာပြည့်ကျပ်ပီး အလိုလိုမျက်ရည်တွေထွက်နေတာ သူဘယ်လိုလုပ်ရမလည်း...

One month anniversaryTempat cerita menjadi hidup. Temukan sekarang