"Yeollie ရေ "
"ဘာတုန်း"
:3
"အမောပြေလေး တခွန်းလောက် ကိုကို လို့
ထူးတော့ ဘာဖြစ်သွားမှာမို့လို့တုန်း"ရုံးကနေ မောကြီးပန်းကြီးနဲ့ပြန်လာတာကို
ရှင် ကိုကို ဆိုတဲ့အသံလေးနားထောင်ချင်လို့
ခေါ်တာကို ပြန်ထူးတာက .........Wu Yi Fan ထားစရာမရှိအောင် ချစ်ရသူမှာ
ရှေ့မှာ ခပ်စွယ်စွယ်ကျဆင်းနေတဲ့ဆံပင်အုပ်အုပ်
ကလေးတွေနဲ့ ချစ်ဖို့ကောင်းသည့် Tom Boy
လေးတယောက်ရယ်ပါ။Tom Boy က သူ့ချစ်သူ ဘယ်လိုဖြစ်လာခဲ့သလဲ
သေချာပေါက် ပက်ပက်စက်စက် အငြင်းခံခဲ့
ရသည်ပေါ့။ဒါပေမယ့် သူမမှာရှိသမျှ အကောင်း
အဆိုး မဟူ လက်ခံနိုင်သည့် Yi Fan ၏အချစ်
ကိုနားလည်အပြီးမှာတော့ ချစ်သူဘဝရောက်ခဲ့
ရလေသည်။လူသိရှင်ကြား လက်ထပ်ချင်ပေမယ့် သူမရဲ့
တားမြစ်ချက်ကြောင့် ဘုရားကျောင်းမှာပဲ
နှစ်ယောက်ထဲသိသည့် လက်ထပ်ပွဲလေးတခု
သာကျင်းပဖြစ်ခဲ့သည်။ဘာဖြစ်လဲ အကျယ်ချဲ့ချင်တာပဲရှိတာလေ။
တယောက်အချစ် တယောက်သိရင်
ပြည့်စုံနေပြီပဲ။ အကြောင်းအရင်း မမေးဖြစ်ခဲ့
လက်ရှိမှာ သူ့ရင်ခွင်ထဲရောက်နေပြီပဲ။Yi Fan ၏အင်္ကျီမတော်တရော်တွေယူဝတ်
ထားပြီး ဘောင်းဘီပွပွအတိုလေးနှင့် Apron
ကြီးပတ်ကာ တဖက်ကလဲ ယောက်မက ကိုင်
ထားသေး ..............."ဘာ ဟင်းချက်လဲ ?"
အနောက်ကနေ ခါးကိုဖွဖွလေးဖက်ကာ
ဟင်းနံ့လေးတွေရောနေတဲ့ ကိုယ်သင်းနံကို
ရှုရှိုက်မိသည်။"ခင်ဗျားကြိုက်တဲ့ ခရမ်းချဉ်သီးနဲ့ ငါးဟင်းချက်
ပေးထားတာပဲရယ် ။ စားကောင်းမကောင်း
တော့မသိဘူး ။"*ရွှတ်*
"အွတ် ရေလဲမချိုးရသေးပဲ ချွေးတွေနဲ့ လာဖက်နမ်းနေတယ် သွားသွား ရွံစရာကြီး"