Epi(9)

224 23 2
                                    

Lura:Hun Hun Hun Hun Hun

Luraတစ်ယောက်ကုတင်ပေါ်တွင်အိပ်ပျော်နေသောHunဘေးတွင်ထိုင်ပြီးHunကိုနှိုးနေလေသည်။တော်တော်နှင့်နိုးမလာသောHunရဲ့အနားသို့Luraကပ်သွားပြီး

Lura:အိပ်ရင်းနဲ့သေသွားတာများလား။

Luraသူမရဲ့မျက်နှာလေးကိုHunရဲ့ဘယ်ဘက်ရင်ဘတ်ပေါ်သို့တင်လိုက်သည်နှင့်……
အိပ်ချင်ယောင်ဆောင်နေသောHun,Luraကိုလှမ်းဖက်လိုက်ပြီးသူ့ရဲ့ရင်ဘတ်ပေါ်တင်နေသောLuraရဲ့နဖူးလေးကိုငုံ့နမ်းလိုက်သည်။

Lura:Ya!!!Hunလေးဘာလုပ်တာလဲ။

Lura,Hunရင်ဘတ်ပေါ်မှကုန်းရုံးထရင်းအသံပြဲကြီးနှင့်အော်တော့သည်။

Hun:ခ်ခ်ခ်

Lura:ရယ်မနေနဲ့။မနက်စာစားဖို့လိုက်ခဲ့

Luraနှုတ်ခမ်းလေးစူပြီးမီးဖိုချောင်ထဲဝင်သွားသည်။

Hunမနက်စာစားနေချိန်LuraကHunရှေ့ကထိုင်ခုံတွင်ထိုင်ပြီးHunကိုစိုက်ကြည့်နေသည်။Hunလည်းရှိုးတန့်ရှန်းတန့်ဖြစ်လာသည်။

Hun:Lura ya!!ဘာလို့ငါ့ကိုစိုက်ကြည့်နေတာလဲ။ငါ့မျက်နှာမှာဘာပေနေလို့လဲ။

Lura:Ani!!ဘာမှမပေပါဘူး။ဒီတိုင်းချောလို့ကြည့်နေတာ။Hehe

Hunပြုံးသွားသည်ကိုမြင်လိုက်သောLuraက

Lura:Hunnieနင်ကပြုံးလိုက်လည်းချောတာပဲ။ငါတို့နတ်ပြည်ကိုသာနင်ရောက်လာရင်လေနင်တော့ပရုတ်လုံးဖြစ်ပြီ။

Hun:ငိ!!

Lura:Hunnieနင်ဒီနေ့ရုံးမသွားပါနဲ့လား။ငါနဲ့ကစားကွင်းသွားရအောင်။နော်။

Hun:ya!Cheon Luraငါရုံးတစ်ရက်ပျက်ရင်သူဌေးကငါ့ကိုပေါက်ပေါက်ဖောက်လိမ့်မယ်။ပြီးတော့မှာမဟုတ်ဘူး။ငါရုံးပိတ်တဲ့နေ့မှသွားမယ်နော်Lura

Hunစကားအဆုံးတွင်Luraမျက်နှာလေးညှိုးနွမ်းသွားသည်။Hunဆက်ပြီးမကြည့်ရက်တော့

Hun:ကောင်းပြီလေဒါဆိုလည်းသွားတာပေါ့။

Lura:jinja!!Wooooဒါဆိုငါတို့ဒီနေ့Dateလုပ်တာပေါ့။

Hun:Cheon Luraနင့်ကိုငါဘယ်နှခါပြောရမှာလဲ။Dateဆိုတာလင်မယား၊ချစ်သူစုံတွဲတွေမှလုပ်တာပါဆို

mY AnGeLWhere stories live. Discover now