Black Cat
hunhan yaoi
(Not all black cats are unlucky)……………Start……………
""ကျောင်းသားတို့ ဒါ Canada ကနေ ပြောင်းလာတဲ့ကျောင်းသားသစ် luhan ပါ။ luhan မင်းကိုယ်မင်းမိတ်ဆက်လိုက်ပါဦး ""
""Annyeonghasibnikka!ငါကLuhan ပါ။ ကူညီပေးပါဦး ""
ဒါတွေကကျွန်တော်ကျောင်းပြောင်းတဲ့အခါတိုင်းကြုံတွေ့နေကြအချက်တွေပါ။ကျွန်တော့်မိဘတွေရဲ့အလုပ်ကြောင့်ကျောင်းပေါင်း 5ခု6ခုလောက်ထိပြောင်းခဲ့ရပြီးပြီ။ဒါကြောင့်ကျွန်တော့မှာသူငယ်ချင်အများကြီးမရှိပါဘူး။Ani အတိအကျပြောရရင်ရှိကိုမရှိတာပါ။
ကျွန်တော်ကLuhanပါ။XoXoကျောင်းကိုကျောင်းသားသစ်အနေနဲ့ပြောင်းလာတဲ့သာမန်ကျောင်းသားတစ်ယောက်ပါပဲ။ကျွန်တော်အကြောင်းမိတ်ဆက်စရာသိပ်မရှိပါဘူး။ဒါပေမယ့်အခြားသူတွေထင်သလို ကျွန်တော်ဘဝက သိပ်တော့မရိုးရှင်းပါဘူး။
ကျွန်တော်အမြဲတမ်းလိုချင်ခဲ့တာ သာမန်ကျောင်းသားဘဝလား?ဟုတ်တာပေါ့။ သူငယ်ချင်းတွေမိတ်ဖွဲ့လို့ရမယ့် ပျော်စရာကျောင်းတော်ကြီးမှာပေါ့။ သူငယ်ချင်းနည်းနည်းလောက်တော့လိုချင်မိတယ်။
ဒါပေမယ့် ထင်သလောက်တော့လွယ်မလား?
ကျွန်တော့်ကိုယ်ကျွန်တော်ဘယ်လိုဆိုးသွမ်းအောင်လုပ်သင့်လဲ?ကျွန်တော်မိဘတွေသူ့တို့အလုပ်ကြောင့် အိမ်ပြန်မလာတဲ့အချိန်တွေမှာ ကျွန်တော်တစ်ယောက်တည်းပဲနေရတယ်။အကယ်၍ကျွန်တော်သာဆိုးသွမ်းခဲ့မယ်ဆိုရင် သူတို့ကျွန်တော်ကိုပြုပြင်ဖို့ကျွန်တော့်အတွက်အချိန်ပေးကြမှာပါ။
""ပျော်ရွှင်စရာအားလပ်ရပ်ဖြစ်ပါစေ""
နဲ့အတူရှေ့ဆင့်နောက်ဆင့်မှာပဲ bell သံထွက်လာတော့ ဆရာက အိမ်စာတွေပေးပြီးအတန်းထဲကထွက်သွားတယ်။ကျောင်းသားတွေကလည်း အိမ်စာပေးလိုက်တာကြောင့်ငြီးငြူပြီးအတန်းထဲကထွက်သွားကြတယ်။ကျွန်တော်အတန်းထဲကထွက်တော့သက်ပြင်းတစ်ချက်ချပြီးကျောင်းဝန်းထဲကိုကြည့်မိတယ်။ကျောင်းသားတွေက သူ့အုပ်စုနဲ့သူမို့ကျွန်တော်မိတ်ဖွဲ့စရာလူကိုမတွေ့ဘူး။သေချာတာတော့ဒီကျောင်းမှာလည်းသူငယ်ချင်းမရနိုင်တော့ဘူး။