'AHHH YEOLLIE!!!'
Nature Republicဆိုင်အတွင်းထဲမှ နာမည်ကြီး Idol Park Chan Yeol ,ပြောရရင် သူ့ရဲ့ Idol CY ရဲ့stanအသစ်ကိုမြင်၍ထအော်ခြင်း...
အဟမ်းးး ကိုယ့်အကြောင်းကို အရင်မိတ်ဆက်မှပါ။ ဟုတ်ကဲ့ ကျွန်တော်ကတော့ Kim Suhoပါ။ ခုမှ အထက်တန်းကျောင်းသားလေးပေါ့။ ကျွန်တော်တစ်နေ့တာတွေကတော့ မထူးဆန်းပါဘူး။ ကျောင်းရဲ့ စာကြမ်းပိုးစာရင်းဝင်လဲမဟုတ်ဘူးလေ။ ဒါပေမဲ့လဲ ကျောင်းစာအညံ့ကြီးထဲလဲမပါတဲ့ အလယ်အလတ်စာရင်းဝင်ပေါ့။ စာကိစ္စထားလိုက်တော့။ အဲ့လောက် အရေးမကြီးသေးဘူး။
တကယ့်တကယ်အရေးကြီးတာက ကျွန်တော်က Male idolတစ်ယောက်ရဲ့fan ။ fanတောင်မှ ရိုးရိုးfan မဟုတ်ဘူး big fan big fan။ အေးပေါ့ဗျာ Park Chan Yeolဆိုတဲ့ ကျွန်တော့်idolကလဲ အားနည်းချက်ဆိုတာ မရှိသလောက်ကို ပြည့်စုံတာကိုး ဟင်းဟင်းးး <ကိုယ့်ဘက်ကိုယ်ယက်တာဟုတ်ဘူး တကယ် တကယ်>😁😁😁 သူ့ရဲ့ Albumတွေရော Movieတွေရော သူနဲ့ပတ်သက်တဲ့ productတွေရော တော်တော်များများကို ကျွန်တော့်မုန့်ဖိုးထဲကနေ ဝယ်စုတယ်လေ။ လွယ်တော့မလွယ်ဘူး တစ်ခါတစ်လေ မုန့်မစားရဘူးပေါ့လေ 😂😂😂 ။
အဲ့ဒီမုန့်တို့ လွယ်အိတ်တို့ တခြားပစ္စည်းတွေက ဘယ်အချိန်ဝယ်ဝယ်ဖြစ်တယ်။ New Albumဆိုတာမျိုးကိုက အခန့်မသင့်လို့ ခြေတလှမ်းနောက်ကျရင် sold outနဲ့ဆီးကြိုနေမှာမျိုးဗျ 😭😭😭 ။ အထူးသဖြင့် သူ့လို လျှမ်းလျှမ်းတောက် အောင်မြင်လွန်းတဲ့ idolဆို စဉ်းစားသာကြည့်တော့။ ကျွန်တော့်မှာ Albumဖြန့်မဲ့အချိန်ဆို ကင်းစောင့်နေရတာမျိုး။ သူနေမကောင်းဘူးဆိုတာနဲ့ igမှာလဲ ဂရုစိုက်ဖို့ နားနားနေနေ နေအောင် cmtတစ်မျိုး megတစ်ဖုံ သူနေမြန်မြန်ကောင်းအောင် postတင်လိုက် စာပို့လိုက်နဲ့ အလုပ်သိပ်ရှုပ်လွန်းနေရင်လဲ မြင်မြင်မမြင်မြင် megလေးပို့လိုက်ရမှ 😅😅😅 အို Idolနဲ့ ပတ်သက်ပြီး လုပ်သမျှတွေပြောရရင်တော့ ပြောကုန်မှာမဟုတ်ဘူး။
MVကအလွမ်းသီချင်းဖြစ်နေရင် မျက်ရည်နဲ့မျက်ခွက်ဖြစ်ရတာမျိုးတွေ၊ သူComebackတခါလုပ်ပြီဆိုရင် သွားလိုက်ရတဲ့ MCDတို့ Music backတို့ဘာတို့ညာတို့ ကျန်တဲ့အချိန်ဆို အဲ့ရှေ့တောင်ဖြတ်လျှောက်ချင်မှ လျှောက်တာ :3 အဟမ်း သူကMCလဲလုပ်သေးတယ်လေ ဟီးဟီး တော်ချက။် လေဆိပ်သွားစောင့်တုန်း ကံကောင်းလို့ လူပိမသေဘဲ ဒူးပြဲလာတာတွေ -_- ၊fan signသွားခွင့်ရဖို့ ဝယ်ရခြမ်းရတာတွေ၊ showပွဲလုပ်တော့မယ်ဆို လက်မှတ်ရဖို့ laptopရှေ့ မျက်မှန်တပ် ငုတ်တုပ်ကြီးထိုင်ပြီး နေရာကောင်းရအောင် အသည်းအသန် ကြိုးပမ်းရတာတွေ <မျက်မှန်ကတပ်မှ တော်ကြာကိုယ့်ပြူးတူးကန်းပုံနဲ့ လွဲကုန်မှ ဒွတ်ခ> ထားပါ ထားပါ ချစ်လွန်းတော့လဲ မျက်နှာလေးမြင်ချင်နေမိတော့ ကြိုးစားရတာပေါ့ ခွိ။
အဲ့ အဲ့... ကျွန်တော်မေ့နေတဲ့ အချက်က
Park Chan Yeolကို အသည်းအသန်ချစ်တဲ့ ကျွန်တော့်မှာ နားလည်မှုရှိတဲ့ ချစ်သူရှိနေတယ်ဆိုတာပါပဲ။ ဟိဟိ မေ့သွားတာပါ။ ကျွန်တော့် Yeollie အကြောင်းပြောရင်း မုဒ်ဝင်သွားလို့ 😁😁😁။ သူနဲ့ စတွေ့ပုံကလဲ အင်းးး ChanYeollieကြောင့်ပဲဆိုပါတော့~~~🌟🌟🌟
A/N
တချို့တချို့လွဲမှားနေတာတွေရှိရင် ကြိုတင်တောင်းပန်ထားပါရစေ။ ကိုယ်ကလဲ Koreaကိုစိတ်ကူးနဲ့သာ ခဏခဏရောက်နေသူမို့ပါ ဟိဟိ 😁😁😁