Suho ကုတင်ပေါ်မှာထိုင်ရင်း passportကိုသာကြည့်ပြီးငိုင်နေမိသည်။ အထက်တန်းအောင်မြင်သွားပြီမို့ နိုင်ငံခြားကိုသွားရဖို့က သိပ်မလိုတော့။ ဒါပေမဲ့ Xing.... လွန်ခဲ့တဲ့ရက်က Xingသူ့ကိုအကြီးအကျယ်စိတ်ဆိုးသွားသည်လေ။ ချစ်သူဖြစ်တဲ့သက်တမ်းတစ်လျှောက်လုံး Suhoဘာတွေပဲလုပ်လုပ် တတ်နိုင်သလောက်လိုက်ဖြည့်ဆည်းကာ စိတ်တိုဟန်တောင်မပြခဲ့တဲ့သူက အကြီးအကျယ်ဒေါသထွက်သွားသည်လေ။ တကယ်ကလဲ သူမှားတာပါလေ။ ph no.ကိုနှိပ်လိုက်ပေမဲ့လဲ ထပ်ပြီးမကိုင်ပြန်တာကြောင့် သူမျက်ရည်ဝဲချင်လာသလို။
'ကျွန်တော်မှားပါတယ် Xingရယ်´
~~~~~~~~~~~~~~~~~~
ဒီတစ်ခေါက် radio starကတော့ Park ChanYeolပြဲဖစ်ပါတယ်။
'မင်္ဂလာပါ ကျွန်တော်ကတော့ အခု DJ Park ChanYeolပဲဖြစ်ပါတယ်။ ဒီနေ့ရဲ့ Radioအစီအစဉ်....´
'Yeol Yeol စလွှင့်နေပြီ ´
Suhoကတော့ phကိုခပ်တင်းတင်းဆုပ်ကိုင်ထားရင်း radio အစီအစဉ်ရဲ့ phခေါ်ရမဲ့အချိန်ကိုစောင့်နေသည်။ သူအခုဖြစ်နေတဲ့ပြဿနာကို Yeolဆီအကြံတောင်းနိုင်မယ်လို့ယုံကြည်နေမိတာလေ။
အချိန်ရောက်တော့ သူအမြန်ပဲphဆက်တိုက်ခေါ်နေပေမဲ့လိုင်းကမအား။ အခြားသူတွေပြောနေတဲ့အကြောင်းတွေကို ကြားလေလေသူ့မှာရင်တုန်စွာနဲ့ ဂဏှာမငြိမ်ဖြစ်လာလေ'ဒုက္ခပဲ မရတော့ဘူးလားမသိဘူး´
Suhoငိုတောင်ငိုချင်လာသည်။ အရင်ကလဲမရခဲ့ဘူးဆိုပေမဲ့လဲ အခုက.. အခုက..
တူ.....တူ.......
'ဝ..ဝင်သွားပြီ´
အံ့သြဝမ်းသာလွန်းလို့ အသံတောင်မထွက်နိုင်လိုက်
'မင်္ဂလာပါ ကျွန်တော်ကတော့အခုradioအစီအစဉ်ရဲ့DJ Park ChanYeolပါ´
ခပ်သြသြChanYeolအသံလေး..
Suhoလဲအသံတုန်တုန်နဲ့နှုတ်ဆက်လိုက်ရသည်။
'Nae မင်္ဂလာပါ ကျွန်တော်ကတော့Suhoပါ။ ChanYeollieရဲ့fanပါ´
'Ahh စောင့်ရှောက်တတ်တဲ့Angelလေးက ကျွန်တော့်fanမို့ကျေးဇူးတင်ပါတယ်^^´
'ဒါနဲ့လေ ကျွန်တော်မှာဖြေရှင်းဖို့ခက်ခဲနေတဲ့ကိစ္စရှိတယ်။ Yeol Hyungဆိုရင်ဖြေရှင်းပေးနိုင်မယ်လို့ထင်ပါတယ်။´