HunHan /One shotSeoul မြို့ရဲ့ သာယာလှတဲ့ တနေ့... ကောင်းကင်ကြီးဟာ တိမ်ပြာရောင် ဖုံးလွှမ်းနေတယ်.....အင်း မြေကြီးကရော.?
. မြေကြီးကတော့ ညက မိုးရွာထားတဲ့ အရှိန်ကြောင့် မြေနံ့လေး သင်းပီး စွတ်စိုနေတယ်.. ~အဲ့လိုမျိုးလေး အေးစိမ့်စိမ့်နေရတာကို Luhan ကြိုက်တယ် ~
မိုးရာသီဆို လူတွေက လွမ်းတတ်ကြတယ်လေ..ဘာကို လွမ်းမှန်းမသိ လွမ်းတတ်ကြတယ်..... luhan လည်း လွမ်းစရာ လူရှိတယ် ~
သူနာမည်က Oh Sehun တဲ့ ....
Ph သံကြောင့် အတွေးစတို့ ပြတ်တောက်သွားပေမဲ့
Luhan တွေးနေမိသော သူနဲ့ မကင်း... ကိုကို ph ဆက်တာ.. ~"ကိုကို.. ~ Lu ကို Coffee လာဖျော်ပေးနော် "
တဖက်က ရယ်သံသဲ့သဲ့လေး....
"လာဖျော်ပေးမလို့ပါပဲ...ကလေးသောက်ချင်နေမှန်း သိပါတယ်. !"
"ဟိ ! အာ့ဆို ခုပြန်လာခဲ့နော်. "
"ကလေး သာ တံခါး လာဖွင့်ပါ "
"ခုလား ? "
"အင်းပေါ့. ! "
အဲ့လိုမျိုး.. Luhan ကိုကိုဟာ Luhan အတွက်ဆို အဲ့လိုကို အလိုလိုက်တာပါ...
Luhan တံခါး အမြန် သွားဖွင့်ပေးလိုက်တယ်...
"အနွေးထည် ဝတ်ထားလေကွာ "
တွေ့လား ! လူကို တွေ့ရင် အဲ့လို ဆူပူတာ...
"ဟွန့် ! ကိုကို ဝတ်ပေးတာ လိုချင်လို့ပေါ့ .. "
"ငချွဲလေး."
Sehun coffee ဖျော်ဖို့ ဝင်သွားတော့ Luhan sehun အား အနောက်မှ သိမ်းဖက်ထားမိသည်. ။
"ကလေးလေး ဘာလို့ ဒီလောက်တောင် ချွဲနေတာလဲ.ဘာမဟုတ်တာ လုပ်ထားလဲ "
"ကိုကိုနော်. ဘာမဟုတ်တာမှ မလုပ်ဘူး. ! ကိုကိုသာ အလုပ်ထဲမှာ
ကောင်မလေးတွေနဲ့ ရှုပ်ရှုပ်ရှက်ရှက် "Luhan Sehun ခါးကို ဖက်ထားတဲ့ လက်တွေကို ဖြည်ချပီး အိမ်ရှေ့ ပြန်ထွက်လာလိုက်တယ်....
Sehun သိတယ် .. ဒါ Sehun ကို ပြန်ကောက်သွားတာ..
အဲ့ကလေးက တနေ့ တမျိုး မရိုးအောင် ကောက်တတ်တယ်.....