Bride of A Ghost

3K 396 24
                                    

~• Bride of A Ghost •~

Written by : RainbowHunHan
Fic book page (82 to 96)

♕ ♕ ♕ ♕ ♕

သိန်းတစ်​​ထောင်​!!!

အံ့သြထိတ်​လန့်​မှုနှင့်​အတူ ကျွန်​​တော့်​လက်​ထဲက အဝတ်​က​လေး ကြမ်းပြင်​​ပေါ်ပြုတ်​ကျသွားတယ်​။

အခန်းထဲက​နေ ​တံခါးဘက်​ဆီလာ​နေတဲ့ ​ခြေသံ​တွေကြားတာ​ကြောင့်​ အဝတ်​ကို ကုန်း​ကောက်​ရင်း ​အောက်​ထပ်​က Toiletဆီ သုတ်​​ခြေတင်​​ပြေးခဲ့တယ်​!

**သိန်းတစ်​​ထောင်​​တောင်​!!
ဘယ်​​လောက်​​တောင်​ချမ်းသာတဲ့ အိမ်​မို့လို့လဲ!!**

**ဒီကိစ္စ​လေးအတွက်​နဲ့!!**

**ပြီး​တော့ ဒါကလုံးဝအ​ရေးမပါတဲ့ကိစ္စပဲ!!**

**ဘယ်​လိုရူးနှမ်း​နေတဲ့အိမ်​မျိုးပါလိမ့်​?**

သိန်းတစ်​​ထောင်~

မှန်​ထဲမှာ​ပေါ်​နေတဲ့ ကိုယ့်​မျက်နှာကိုယ်​ကြည့်​ပြီး ထူးဆန်းတဲ့အ​တွေးတစ်​ခုချက်​ချင်းဝင်​​ရောက်​လာတယ်​...။

"Arrr...မ မဟုတ်​​သေးဘူး! ဒါလုံးဝမဟုတ်​​သေးဘူး ငါဘာလို့ ဒီလို​တွေးမိတာပါလိမ့်​! LuHan မင်းရူး​နေလား!!"

ဘေစင်​မှကျလာတဲ့​ရေ​တွေကို လက်​နဲ့ခံပြီး မျက်​နှာကို ခပ်​ကြမ်းကြမ်းပွတ်​ပစ်​လိုက်​တယ်​။
ဒါ​တောင်​ ဒီအ​တွေး​တွေက ကျွန်​​​တော့်​​ခေါင်းထဲက​နေ ​ပျောက်​မသွား​သေးဘူး!

ရေစက်​လက်​ကျ​နေတဲ့ နှာဖူးထိပ်​ကဆံနွယ်​​တွေနဲ့ ​ရေစက်​​တွေတွဲလွဲခို​နေတဲ့ ကျွန်​​တော့်​မျက်​နှာက ဒီလိုအချိန်​မှာ​တောင်​ မိန်းမတစ်​​ယောက်​နဲ့ တူ​နေ​သေးတယ်​...။
မုန်းလိုက်​တာ!!

ဒါ​ပေမယ့်​ ဒါအခွင့်​အ​ရေးလား???

******************************************************************************************

"ကိုကြီး ငါက​တော့ နင့်​ကိုအဲ့ဒါမလုပ်​​စေချင်​ဘူး"

ကျွန်​​တော့်​ညီမ Yoonaက ဆံပင်​တုကြီးကို လက်​မှာကိုင်​ထားရင်း စိတ်​ပျက်​လက်​ပျက်​ ငြီးတွားရင်း​ပြောတယ်​။

 ~ Sakura in April ~Where stories live. Discover now