ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာဆိုသည့်အတိုင်း သူမ သွားရာကို မိုးက အငြိုး
ရှိထားသလို ရွာချလာတယ်
မိုးရေစက်တွေကို သူမ လက်နဲ့ ခံယူရင်း
အနည်းငယ်ပြုံးလိုက်ကာ...- မိုးရာသီတောင်ရောက်လါပြီပဲ
ကောင်းပါတယ်လေ ခုလို မိုးရွာပေးတော့
ငါ့ရဲ့ မျက်ရည်တွေ တခြားသူတွေ မမြင်တော့ဘူးပေါ့Flash back.....
....- Fany ah..saranghae..
ကောင်မလေးက ပြောပြီး fany နှုတ်ခမ်းကို နမ်းလိုက်တယ်..
Fany ကတော့ ပထမတော့ လန့်သွားပြီး
နောက်တော့ ကောင်မလေးကို တွန်းလိုက်ကာ.....'ဖြန်း´
ကောင်မလေးက သူမပါးကို ကိုင်လိုက်ကာ
...- fany ah..
Fany -Yul! နင်က တော်တော်ရွံဖို့ကောင်းတယ်.. နင့်ကို ငါ့ သူငယ်ချင်း အဖြစ်ပဲ
သတ်မှတ်ထားတာ..နောက် ငါနဲ့ လာ
မပက်သတ်ပါနဲ့..Fany ပြောပြီး ပြေးထွက်သွားတယ်။
Yul - fany ah..fany!!
*သွားပြီ..နင် အရာအားလုံကို ဖျက်ဆီးလိုက်ပီ...နင်ချစ်တဲ့ သူကိုလည်း
ဆုံးရှုံးလိုက်ရပြီ.. Babo yuri..*Yul တယောက် မျက်ရည်များနဲ့ အတူ
အိမ်ကို လေးပင်စွာ ပြန်ခဲ့တယ်..Falshback end...
>>>>>>>>>>>>>>>Yul တယောက် နေမကောင်း၍
ဒီနေ့ အိမ်မှာပဲ နားနေလိုက်တယ်။
နေမကောင်းဘူးဆိုတာကလည်း
အပေါ်ယံ အကြောင်းပြချက်တခုပါ။
နှလုံးသားထဲမှာ နာကျင်တာက
နေမကောင်းတာထက်ကို
ပိုခံစားရတာ။Yul tht*fany ah.mianhae
ငါ နင့်ကို ၀န်မခဲခဲ့သင့်ဘူး..ခုတော့
ငါ နင့်ကို သူငယ်ချင်းအဖြစ်နဲ့ပါ
ဆုံးရှုံးလိုက်ရပြီ...ငါနင့်ကို အပြစ်မတင်ရက်ပါဘူး..
mianhae*>>>>>>>>>>>>>
Yul ကျောင်းသွားဖို့ ပြင်ဆင်ရင်း
မှန်တင်ခုံပေါ်တင်ထားတဲ့ ဓာတ်ပုံလေးဆီ
အကြည့်ရောက်သွားတယ်။
သူမနဲ့ fany ပုံ။ fany က သူမလက်ကို
ချိတ်ထားပြီး လှပစွာ ပြုံးပြနေတယ်။
Yul ဓာတ်ပုံ လေးကို ကိုင်ကြည့်လိုက်ပြီး
Fany ပုံလေးကို နမ်းလိုက်တယ်။