'အဖြူရောင် ဆိုတာ ဖြူစင်ခြင်း ၊ အပြစ်ကင်းစင်ခြင်း လို့လည်းပြောလို့ရသလို ခင်မင်ရင်းနှီးမှုမရှိခြင်း နဲ့
အေးတိအေးစက်နိုင်ခြင်း လို့လည်း အဓိပ္ပာယ် တစ်မျိုး ကောက်လို့ရလေရဲ့~´ကျွန်တော် စားပွဲပေါ်မှာ ပြန့်ကျဲနေတဲ့ ရောင်စုံခဲတံ လေးတွေကို လက်နဲ့ လျှောက်လှိမ့်နေမိရင်း ဘာမှမဆွဲရသေးတဲ့ အဖြူရောင် စာရွက်လွှာကို ငေးကြည့်နေမိသည်။
ကျွန်တော် ဘာဆွဲရမလဲ?
စာသင်ခန်းရှေ့ကို ကြည့်လိုက်တော့ ပန်းချီဆရာက ဒီတစ်ခေါက် ပုံဆွဲရာမှာ ပါဝင်ရမယ့် အချက်တို့ကို ပြောပြနေလေတယ်။လိုက်နားထောင်ပြီး မှတ်ဖို့ ပျင်းရိလွန်းနေတာကြောင့် ကျွန်တော် အချိန်ကုန်ဖို့သာ စောင့်နေမိသည်။
ဘဲလ် တီးတာနဲ့ ပထမဆုံး ထိုင်ခုံကထတာ ကျွန်တော်ပဲ ဖြစ်မည်ထင်သည်။ ပုံဆွဲစာအုပ်နဲ့ ရောင်စုံခဲတံ ၊ ပန်းချီစုပ်တံ တို့ကို လွယ်အိတ်ထဲ လက်လွတ်စပယ် ပစ်ထည့်လိုက်ပြီး တံခါးဝကို ပြေးသွားမယ်လုပ်တော့ ကျွန်တော့်ရှေ့မှာ ထိုင်တဲ့ လူတစ်ယောက်နဲ့ ဝင်တိုက်မိလေရဲ့....
"Sorry....ငါမမြင်-"
ပြုတ်ကျသွားတဲ့ စာရွက်လေးတွေကို လိုက်ကောက်ပေးရင်း ကျွန်တော် တိုက်မိတဲ့ သူ ကို မော့ကြည့်မိတော့ ပြောမယ့်စကားတို့ ရပ်တန့်သွားမိသည်။
Kris
Kris ကို ပန်းချီပညာမှာ အတော်ဆုံးအဖြစ် ကျွန်တေ် အပါအဝင် အကုန်လုံးသိလေသည်။ဒါကြောင့်လည်း ပန်းချီသင်တဲ့ဆရာရဲ့ အချစ်တော်တစ်ယောက်ဆိုလည်း မမှားလောက်ပါဘူး။သို့သော် သူက နည်းနည်းတော့ ထူးဆန်းလေသည်။
သူ့မှာ သူငယ်ချင်း မရှိ ၊ ဘယ်သူနဲ့မှလည်း စကားမပြော...သူ့ဟာသူ တစ်ယောက်တည်းသာနေလေရဲ့။