White

1.7K 177 6
                                    

'အဖြူ​ရောင်​ ဆိုတာ ဖြူစင်​ခြင်း ၊ အပြစ်​ကင်းစင်​ခြင်း လို့လည်း​ပြောလို့ရသလို ခင်​မင်​ရင်းနှီးမှု​မရှိခြင်း နဲ့
အေးတိ​အေးစက်​နိုင်​ခြင်း လို့လည်း အဓိပ္ပာယ်​ တစ်​မျိုး ​ကောက်​လို့ရ​လေရဲ့~´

ကျွန်​​တော်​ စားပွဲ​ပေါ်မှာ ပြန့်​ကျဲ​နေတဲ့ ​ရောင်​စုံခဲတံ ​လေး​တွေကို လက်​နဲ့ ​လျှောက်​လှိမ့်​​နေမိရင်း ဘာမှမဆွဲရ​သေးတဲ့ အဖြူ​ရောင်​ စာရွက်​လွှာကို ​ငေးကြည့်​​နေမိသည်​။

ကျွန်​​တော်​ ဘာဆွဲရမလဲ?

စာသင်​ခန်း​ရှေ့ကို ကြည့်​လိုက်​​တော့ ပန်းချီဆရာက ဒီတစ်​​ခေါက်​ ပုံဆွဲရာမှာ ပါဝင်​ရမယ့်​ အချက်​တို့ကို ​ပြောပြ​နေ​လေတယ်​။လိုက်​နား​ထောင်​ပြီး မှတ်​ဖို့ ပျင်းရိလွန်း​နေတာ​ကြောင့်​ ကျွန်​​တော်​ အချိန်​ကုန်​ဖို့သာ ​စောင့်​​နေမိသည်​။

ဘဲလ်​ တီးတာနဲ့ ပထမဆုံး ထိုင်​ခုံကထတာ ကျွန်​​တော်​ပဲ ဖြစ်​မည်​ထင်​သည်​။ ပုံဆွဲစာအုပ်​နဲ့ ​ရောင်​စုံခဲတံ ၊ ပန်းချီစုပ်​တံ တို့ကို လွယ်​အိတ်​ထဲ လက်​လွတ်​စပယ်​ ပစ်​ထည့်​လိုက်​ပြီး တံခါးဝကို ​ပြေးသွားမယ်​လုပ်​​တော့ ကျွန်​​တော့်​​ရှေ့မှာ ထိုင်​တဲ့ လူတစ်​​ယောက်​နဲ့ ဝင်​တိုက်​မိ​လေရဲ့....

"Sorry....ငါမမြင်​-"

ပြုတ်​ကျသွားတဲ့ စာရွက်​​လေး​တွေကို လိုက်​​ကောက်​​ပေးရင်း ကျွန်​​တော်​ တိုက်​မိတဲ့ သူ ကို ​မော့ကြည့်​မိ​တော့ ​ပြောမယ့်​စကားတို့ ရပ်​တန့်​သွားမိသည်​။

Kris

Kris ကို ပန်းချီပညာမှာ အ​တော်​ဆုံးအဖြစ်​ ကျွန်​​တေ်​ အပါအဝင်​ အကုန်​လုံးသိ​လေသည်​။ဒါ​ကြောင့်​လည်း ပန်းချီသင်​တဲ့ဆရာရဲ့ အချစ်​​တော်​တစ်​​ယောက်​ဆိုလည်း မမှား​လောက်​ပါဘူး။သို့​သော်​ သူက နည်းနည်း​တော့ ထူးဆန်း​လေသည်​။
သူ့မှာ သူငယ်​ချင်း မရှိ ၊ ဘယ်​သူနဲ့မှလည်း စကားမ​ပြော...သူ့ဟာသူ တစ်​​ယောက်​တည်းသာ​နေ​လေရဲ့။

You've reached the end of published parts.

⏰ Last updated: Feb 13, 2018 ⏰

Add this story to your Library to get notified about new parts!

The ColoursWhere stories live. Discover now