"ကျွန်တော်ပြောထားတာ လိုက်လျောပေးမှာလား"
ပန်းအိုးတင်ထားတဲ့ မှန်စားပွဲပေါ် ခြေနှစ်ချောင်းကို ဟန်ပါပါ တင်ရင်းမေးလိုက်တယ်..."မလိုက်လျောပေးရင်ရော...ဘာလုပ်မှာလဲ."
မခေသူပီပီ sehun က မချေကြည့်နဲ့ Suhoကို ပြန်ချေပလိုက်တယ်.."ရပါတယ်...ကျွန်တော် ဖိနပ်တွေကိုတော့ မစီးပေးနိုင်ဘူး.ဒါပေမယ့် ဖန်တီးထားတဲ့ Stalar Do ရဲ့ ဖိနပ်ပေါ်ထားတဲ့ ခံစားမှု ကို သူနဲ့ဆွေးနွေးချင်တယ်...ပြီးတော့ ကျွန်တော် ကိုရီးယား ကိုပြန်လာတာ Stalar ကို မြင်ဘူးချင်လို့လေ. သူမကနာမည်ဘဲကြီးတာ ဘယ်သူမှမမြင်ဘူးဖူးလေ.တဂယ်လို့ ကျွန်တော့်ကို stalar ကိုယ်တိုင်စီးပေးရင် ကြော်ငြာခ တစ်ဝက်လျော့ပေးပါ့မယ်.."
"ကောင်းပြီလေ..ခင်ဗျားက ဒီလောက် ဖြစ်နေမှတော့ ကျွန်တော်လိုက်လျောပေးရမှာပေါ့.....ကြော်ငြာခတစ်ဝက်နော်.."
နှုတ်ခမ်း ကိုတွန့်ရုံမျှပြုံးပြရင် Sehunစကားကို တုန့်ပြန်လိုက်တယ်....
🐚🐚🐚🐚🐚🐚🐚🐚🐚🐚🐚🐚🐚🐚🐚🐚🐚
"Kyung soo.Kyung Soo...Kyung Soo....."
နာမည်ကို ရေဆာသလို အခါခါခေါ်လာတဲ့မောင်ကြောင့် ကျမပြောနေတဲ့ဖုန်းလေးပင် လွတ်ကျသွားတယ်...."Waeyo မောင်..ဘယ်နားထိခိုက်မိလို့လဲ.ဘာဖြစ်လာတာလဲ..."
"$ပိုလုပ်မနေနဲ့ မနက်ဖြန်က စပြီး မင်း ကုမ္ပဏီ မှာအလုပ်ဝင်ရမယ်..ပြင်ဆင်ထား.."
"ဘာလို့လဲမောင်...Sooဒီအတိုင်းလေးဘဲ ဒီဇိုင်းလေး တွေဆွဲပေးလို့်မရဘူးလား.."
"စကားကြောမရှည်နဲ့ Kyung Soo .မနက်ဖြန် 10နာရီခွဲ ကုမ္ပဏီ ကို ဖိနပ်ဒီဇိုင်းနာ Stalar Doဆိုတဲ့ ဂုဏ်နဲ့ညီအောင်ဝတ်ခဲ့.."
."arryasaw "
"ငါနားတော့မယ်...ဝင်မလာနဲ့ဦး.."
"ညစာရော...မောင်.."
"မင်းမျက်နှာမြင်လိုက်ရတည်းက ရင်ပြည့်နေတာ Kyung Soo.ပြီးတော့... မင်းငါ့ကို မောင် မောင်လို့မခေါ်နဲ့ မင်းက မောင်လို့တခါခေါ်တိုင်း Liliအပေါ် အပြစ်ခံစားနေရတယ်..."(liliက hunကို မောင်လို့ခေါ်ခဲ့လို့ပါနော်)
လှေကားပေါ်ကို တတ်သွားတဲ့ မောင့်ရဲ့နောက်ကျောပြင်ကိုကြည့်ရင်း.....