ကောင်​​လေးရဲ့ Peterpen

1K 98 20
                                    

" ​ရှေ့နား​လေးတင်​..ဟိုမှာ..လိုက်​....လိုက်​"

ညဘက်​တိတ်​ဆိတ်​မှူကိုဖြိုခွဲရင်း ​အော်​ဟစ်​သံတို့
ဆူညံ့သွား​လေသည်​။ အ​ရှေ့အ​ဝေးတ​နေရာမှ
ကောင်​​လေးက အသည်းအသန်​​ပြေး​လေသည်​။
နောက်​မှ လူ ငါး​ယောက်ခန့်ရှိေ​​​သာ လူအုပ်​ကြီးက ညာသံ​ပေး၍​နောက်​ကအသည်းအသန်​ လိုက်​​လေ သည်​။ ကြည့်​ရတာက​တော့ မြင်​ကွင်းက လုံးဝ မလိုက်​ဖက်​ ။

" မိလို့က​တော့..မင်း..​သေပြီသာမှတ်​..."

" လိုက်​ကွာ..."

အ​မှောင်​တ​နေရာအ​ရောက်​မှာ​တော့ အ​ခြေအ​နေကို
အခွင့်​​ကောင်းယူပြီး ​ဂွေ့ချိုးတံတိုင်းနားမှာ ဝင်​ပုန်း
လိုက်​သည်​။ ​မောဟိုက်​​နေ​သော​ကြောင့်​ အသက်​ရှူသံ
တွေပင်​ မမှန်​​တော့ ။ နိမ့်​လိုက်​မြင့်​လိုက်​ဖြစ်​​နေ​သော
ရင်​အစုံက ​အောက်​ဆီဂျင်​မလုံ​လောက်​​သေးသည်​ကို
ပြသ​လေသည်​။ ​လေကိုအသည်းအသန်​ရှုမိရင်း
ပတ်​ဝန်းကျင်​အ​ဖြေအ​နေကို လှမ်းအကဲခတ်​လိုက်
မိသည်​။

" ဘယ်​​ရောက်​သွားလဲ.."

" ဟိုဘက်​​ပြေးသွားတာထင်​တယ်​.."

" လိုက်​ကွာ.."

တဖြည်းဖြည်း​ခြေသံ​တွေ ​ဝေးကွာသွားမှပင်​ ​လေပူ
တို့ကိုမှုတ်​ထုတ်​လိုက်​ကာ ပွ​ယောင်း​နေ​သော ဆံပင်
ညိုတို့ကို လက်​ဖြင့်​ခပ်​ကြမ်းကြမ်းဖွလိုက်​သည်​။
ဒီညအဖို့ ထိုClubကို ပြန်​သွား​ဖို့မဖြစ်​​တော့။
သူ့ကို အခုလိုလိုက်​​နေတာကလည်း ပထမဆုံးအချိန်
မဟုတ်​​တော့​ပေ ။

" အဟက်​.."

ခပ်​ရွဲ့ရွဲ့အ​နေအထားဖြင့်​ တစ်​ချက်​ရယ်​လိုက်​ရင်း
ပုန်း​နေရာမှ ထလိုက်​သည်​။ ပြီးမှထိုလူ​တွေသွားသည့်
အရပ်​နှင့်​ဆန့်​ကျင်​ဘက်​ကိုသာ သွားဖို့​ရွေ့လိုက်​သည်​။
မိလို့က​တော့ ​နောက်​တစ်​ကြိမ်​ ရဲစခန်း​ရောက်​ဦးမှာပဲ။
ရဲစခန်း​ရောက်​မှာထက်​ ထိုလူ​တွေလက်​ထဲမှာ အရင်
သေမလားပင်​ မသိ။ သူ့လို လူတစ်​​ယောက်​အတွက်
က​တော့ ရဲစခန်းနှင့်​ သူငယ်​ချင်းပင်​ဖြစ်​​နေကာ
နေရာအစုံတွင်​ ရန်​သူများစွား​ရှိ​နေ​လောက်​သည်​။ အာမခံချက်​ ထုတ်​​ပေးမည့်​သူမရှိသဖြင့်​ ရဲစခန်းမှာ
ညအိပ်​ခဲ့ရ​သော ည​ပေါင်းက မနည်း ။

Peterpen Of A BoyWhere stories live. Discover now