7:00pm
. . Japan မြို့ရဲ့ လှပတဲ့ပန်းခြံတစ်ခုထဲမှာတော့
လူအများက ပျော်ရွှင်စွာ လာရောက်အပန်းဖြေနေတယ်.
ဒါပေမယ့် အဲ့လူတွေထဲက အသက်11နှစ်အရွယ်
ကလေးမလေးတယောက်ကတော့ ပန်းခြံရဲ့တစ်နေရာ
အုတ်ခုံပေါ်မှာထိုင်ပီး ဝမ်းနည်းစွာပဲ တရှုံ့ရှုံ့ငိုနေတယ် ..
ခဏနေတော့ အဲဒီငိုနေတဲ့ကလေးမလေးအနားကို
သူနဲ့အသက်ရွယ်တူလောက်ရှိမယ့် တခြားကလေးမလေးတယောက်
ရောက်လာပီး သူ့အကျီင်္အိပ်ကပ်ထဲက
လက်ကိုင်ပဝါအပြာရောင်လေးကို ထုတ်ပေးရင်း . .-- anyong ! chingu ya ..
ငါ့နာမည် Kim Taeyeon ပါ.Taengoo လို့လဲခေါ်တယ်
နင်ဒီမှာ တယောက်ထဲဘာဖြစ်လို့လာငိုနေတာလဲ ?
မကြောက်ဘူးလား.အဖော်လဲမပါဘူး ..ပြောရင်း ဘေးမှာဝင်ထိုင်လိုက်သည်.
ငိုနေတဲ့ကောင်မလေးကတော့ အငိုရပ်ပီး မျက်လုံးအပြုးသားနဲ့ Taeyeon ကိုပြန်ကြည့်လို့.__ Ta. .en..goo . . !
နာမည်ကို တလုံးချင်းစီရေရွတ်ကာခေါ်လိုက်သည်. .Tae _ Maja ! Taengoo . .
နင်က ဂျပန်သူလား ? ငါက Korea ကဒီကိုအလည်လာတာ .
ငါဂျပန်စကားသိပ်တော့မတတ်ဘူး..
ငါအခုပြောတာတွေ နင်နားလည်ပါ့မလားTae က korea လိုပဲ ကောင်မလေးကိုပြောနေသည်.
ဟိုကောင်မလေးက စကားခုထိတခွန်းမှမပြောသေး .
Tae ကောင်မလေးရဲ့မျက်ရည်တွေကို သူ့လက်နဲ့
သုတ်ပေးလိုက်ပီးTae _ chingu ya ! နင်ဘာကြောင့်ငိုနေတာလဲမသိပေမယ့် .
အခုထပ်မငိုနဲ့တော့နော်.အားတင်းထားပါဟာ .သူကချည်းပဲ စကားပြောနေရင်း ကောင်မလေးရဲ့ လက်ကိုဆုပ်ကိုင်ပီးအားပေးလိုက်သည်.
အဲ့အချိန်Voice _ Taengoo ya !!
ဘယ်ရောက်နေလဲ ? Omma တို့ပြန်ကြရအောင်Tae လဲ သူ့ကို ခေါ်သံကြားတာနဲ့
Tae _ သမီး ဒီမှာ Omma ခု လာခဲ့မယ်နော် !
ပြောရင်း ကောင်မလေးဘက်ကိုပြန်လှည့်ပီး
Tae _ ငါ ပြန်တော့မယ်နော်. chingu
ဂရုစိုက်ပါ. နင်ကဘယ်မှာနေတာလဲ ?
မှောင်နေဘီလေ. အိမ်ပြန်တော့နော် ..
Gudnight ! Fighting !!နှုတ်ဆက်ပီး Tae ကောင်မလေးအနားက
ထွက်လာကာ ပြန်သွားတယ် . .
ကျန်နေခဲ့တဲ့ကောင်မလေးကတော့ Tae နောက်ကျောကနေ
မြင်ကွင်းထဲကပျောက်ကွယ်သွားသည်အထိ Tae ကို
လိုက်ကြည့်နေသည်.
နောက်တော့မှ လက်ထဲမှာကိုင်ထားတဲ့ လက်ကိုင်ပဝါလေးကို
ဖြန့်ကြည့်လိုက်တော့ _ _ *TAENGOO* ဆိုပီး
နာမည်ထိုးထားတာတွေ့သည်.
YOU ARE READING
All My Love is For U
FanfictionKim Tae Yeon ~~ ကျွန်မ ဘဝမှာကိုယ်နဲ့ခင်တောင်မခင်တဲ့ သူစိမ်းတယောက်နဲ့ လက်ထပ်ရမယ်လို့ တခါမှ မတွေးခဲ့မိဘူး Tiffany Hwang~~ သူ ကျွန်မနှလုံးသားကိုနာကျင်စေပေမယ့် ဆက်ချစ်နေမှာပဲ တချိန်တော့ ကျွန်မရဲ့အချစ်တွေ သူ နားလည်လာမှာပါ