Fany တယောက် သူ့အခန်းလေးထဲမှာ
diary ရေးနေရင်း သူငယ်2လေးတုန်းက
Tae နဲ့ခဏတာတွေ့ခဲ့တဲ့ အချိန်ကို ပြန်တွေးနေသည် .Flashback ~~
Tiffany က တဦးတည်းသောသမီးဖြစ်ပြီး
ငယ်ငယ်က အလုပ်ရှုပ်နေတဲ့ သူ့မိဘတွေနဲ့ အတူမနေပဲ
grandma နဲ့အတူ Japan မှာလိုက်နေသည်.
(ရှင်းအောင်ပြောရမယ်ဆိုရင် Mr.Hwang' mom က
ဂျပန်သူပေါ့)
Fany' Appa က Korea မှာပဲနေကာ
Fany' Omma ကတော့ California မှာနေသည်.
တနေ့ Fany အရမ်းသံယောဇဉ်တွယ်ရတဲ့
grandma က လူကြီးရောဂါနဲ့ဆုံးသွားတော့
Fany အရမ်းဝမ်းနည်းပီး grandma နဲ့အတူထိုင်နေကျ
အမြဲသွားနေကျ ပန်းခြံရဲ့အုတ်ခုံလေးပေါ်မှာထိုင်ကာ
ငိုနေမိသည်.အဲ့အချိန် သူ့အနား ကောင်မလေးတယောက်
ရောက်လာပီး သူ့ကို နှစ်သိမ့်ပေးသည်.သူ့မျက်ရည်တွေကိုလဲ
သုတ်ပေးပီး လက်ကိုင်ပုဝါလေးပါ ပေးခဲ့သည်.
ထို Taengoo ဆိုတဲ့ကောင်မလေးက သူ့ကို
Korea စကားနားမလည်ဘူးထင်နေပေမယ့်
Fany ကလဲ Korea သူမို့ ပြောသမျှအကုန်နားလည်ပါသည်.
Taengoo သူ့အနားလာကာ နှစ်သိမ့်ပီး အားပေးစကား
ပြောတော့ သူဝမ်းနည်းနေတာတွေ ခံစားရသက်သာသွားသလို.
Taengoo ကိုလဲ သံယောဇဉ်ဖြစ်သွားမိသည်.
သူ့စကားနားထောင်ပီး အဲ့နေ့က ဆက်မငိုတော့ပဲ
စက်ဘီးလေးနဲ့ အိမ်ပြန်လာခဲ့လိုက်သည်.
နောက်တနေ့မှာလဲ ပန်းခြံကိုသွားဖို့ပြင်တုန်း
Appa နဲ့ Omma က အိမ်မှာ ဈာပနအတွက်
အလုပ်ရှုပ်နေကာ သူပါ ဝင်ကူလုပ်ပေးလိုက်ရပီး
သူ့ကိုလဲ california ကို တခါထဲခေါ်သွားပီး
ဟိုမှာပဲ ကျောင်းဆက်တက်ရမယ့်အကြောင်းပြောသည်.
Fany လဲ လူကြီးတွေလစ်တုန်း စက်ဘီးစီးကာ
ပန်းခြံကို Taengooနဲ့ထပ်တွေ့ရမလား
မျှော်လင့်ကာ အပြေးနင်းလာခဲ့သည်.
ကားပေါ်တက်တော့မယ့် Taengoo ကိုတွေ့လိုက်တော့
စိုးရိမ်စွာနဲ့ပဲ သူ့နာမည်ကို လှမ်းအော်ခေါ်လိုက်သည်.
သူက ပြန်ရတော့မယ်ဆိုပီး နူတ်ဆက်တော့ ဝမ်းနည်းမိသွားသည်.
သူလက်ပြနူတ်ဆက်ပီး ထွက်သွားတာကို ကြည့်ရင်း
ရင်ထဲဆို့နစ်လာကာ နောက်တခါသူလာရင်
ထပ်မတွေ့နိုင်တော့မှာကြိုသိနေတဲ့အတွက် ငိုမိသည်.သူပြောတဲ့စကားနားထောင်ပီး
အိမ်ကိုပြန်လာခဲ့တော့သည်.
. . . နောက်တနေ့ရောက်တော့ Omma နဲ့
california ကိုလိုက်သွားကာ အဲ့မှာပဲ
ကျောင်းဆက်တက်ရင်း ဘွဲ့ယူခဲ့သည်..
ဖြတ်သန်းလာခဲ့တဲ့နေ့ရက်တွေမှာ အထီးကျန်သလိုခံစားပီး
ဝမ်းနည်းနေတဲ့အချိန်တွေ 'Taengoo' ဆိုတဲ့
နာမည်လေးကိုပဲ ရေရွတ်ကာ လက်ကိုင်ပဝါလေးကိုကိုင်ရင်း
အားတင်းလာခဲ့သည်.
ထိုနောက်တော့ Taengoo ရှိသည့် korea ကို
သွားကာ သူ့ကိုလိုက်ရှာရင်း Appa' company
မှာဝင်လုပ်ခဲ့သည်. ကံကောင်းစွာပဲ Taengoo' Dadက
Appa နဲ့ ရင်းနှီးတဲ့သူဖြစ်နေသည်..လူကြီးချင်းကလဲခင်တော့
နှစ်ဦးနှစ်ဖက်လုံးက သူတို့ကလေးတွေချင်းသဘောတူနေကြသည်.
Fany သူနဲ့လက်ထပ်ရမည့်သူနာမည်က
Kim Taeyeon ဆိုတာကြားလိုက်တဲ့အချိန်
လောကမှာအပျော်ရွှင်ဆုံးလူသားတယောက်လို
ရင်တွေခုန်ပီး ပျော်မိသည်.
Taengoo နဲ့ပြန်ဆုံတော့ သူကကိုယ့်ကိုမမှတ်မိပေမယ့်
အရင်ကထက်ပိုချစ်စရာတဲ့ ဆံပင်အတိုလေးနဲ့သူ့ကို
ခဏ2ကြည့်နေမိသည်. နောက်မှ သိလိုက်ရတာတော့
သူ့မှာချစ်ရတဲ့မိန်းကလေးရှိပီး အဲ့တယောက်ကြောင့်ခံစားနေသည်.
Taengoo ဘက်က ဒီမင်္ဂလာပွဲကို ဖျက်ချင်နေပေမယ့်
သူမကတော့ သူနဲ့ထပ်ဝေးမသွားချင်တော့ပါ.
လွန်ခဲ့တဲ့ 13နှစ်က Japan မှာတွေ့ခဲ့တဲ့ကောင်မလေးက
ကိုယ်ပါဆိုတာကိုလဲ သူ့ဘက်ကအရင်ဖွင့်မပြောပြချင်ပါ..
VOCÊ ESTÁ LENDO
All My Love is For U
FanficKim Tae Yeon ~~ ကျွန်မ ဘဝမှာကိုယ်နဲ့ခင်တောင်မခင်တဲ့ သူစိမ်းတယောက်နဲ့ လက်ထပ်ရမယ်လို့ တခါမှ မတွေးခဲ့မိဘူး Tiffany Hwang~~ သူ ကျွန်မနှလုံးသားကိုနာကျင်စေပေမယ့် ဆက်ချစ်နေမှာပဲ တချိန်တော့ ကျွန်မရဲ့အချစ်တွေ သူ နားလည်လာမှာပါ