ကြက်​​ခြေခတ်​ Part 1

69 6 0
                                    

"အ​မေ​ရေ Hyunie ​အပြင်​သွားလိုက်​ဦးမယ်​"

"​နေ့လည်​စာစားဖို့အိမ်​ပြန်​စားဖို့မ​မေ့နဲ့​နော်​"

"အင်းပါ အ​မေရဲ့"

ချက်​ပြုတ်​​နေ​သော အ​မေကို ​နောက်​က သိုင်းဖက်​ကာ အနမ်းတစ်​ပွင့်​​ပေးပြီးမှ အိမ်​အပြင်​သို့ ​ပြေးထွက်​ခဲ့​​လေသည်​ ​နွေရာသီမို့ ​နေ​ရောင်​က တိုက်​ရိုက်​ကျ​ရောက်​ကာ လမ်းတစ်​​လျှောက်​ တံလျပ်​များက ​ရေလှိုင်းသဖွယ်​ အလိမ့်​​လိုက်​... နဖူးမှစီးကျလာ​သော ​ချွေးတစ်​စက်​ကို သူမ မိတ်​ကပ်​မပျက်​​စေရန်​ တစ်​သျှူးဖြင့်​ ခပ်​ဖွဖွသုတ်​လိုက်​သည်

"ဟူး ပူလိုက်​တာ​နော်​ ဒီ​နေ့မှ ထီးယူခဲ့ဖို့ ​မေ့ခဲ့တယ်​"

ဘတ်​စကားမှတ်​တိုင်​ကို​ရောက်​​တော့ သူမအနားတစ်​လှုပ်​လှုပ်​လာ​တောင်း​သော အဘွားအိုကို အ​ကြွေတစ်​စွန်းတစ်​စလှူရင်း မှတ်​တိုင်​တွင်​ခဏထိုင်​နား​နေမိသည်

နွေရာသီတွင်​ သူမတို့​ကျောင်း​ပိတ်​ထားသည်​မို့်​ အားလပ်​ရက်​များတွင်​ သူမတို့မြို့​လေးရှိတစ်​ခုတည်း​သော စာကြည့်​တိုက်​​လေးတွင်​ စာသွားဖတ်​​နေကျဖြစ်​​သော​ကြောင့်​ သူမစာကြည့်​တိုက်​ဘက်​သို့ ထွက်​လာခဲ့ခြင်းပင်

"မိန်းက​လေး"

"ဟင်​"

နွေ​နေ့လည်​ခင်းကြီး ထီးအမဲတစ်​လက်​ကို ​​ဆောင်းထားလျက်​ သူမကို ​လှမ်း​ခေါ်လိုက်​​သော​ကြောင့်​ သူမ ​​​ခေတ္တ​ကြောင်​​ငေး​နေမိ​လေသည်
ထီးဖြင့်​ကာ​နေ​သော​ကြောင့်​ မျက်​နှာကို​ကောင်း​ကောင်းမမြင်​ရ​သော်​လည်း အသံမှာ အဘိုးအိုတစ်​​ယောက်​၏ အသံလို တုန်​ချိ​ကာ ​လေသံမျှသာ

"ဟုတ်​ကဲ့ ကျွန်​မဘာကူ​ညီ​ပေးရမလဲ"

"ခ​ယောင်းစံအိမ်​ကို ဘယ်​လိုသွားရမလဲ အဘကိုတစ်​ချက်​​လောက်​လမ်းညွှန်​​ပေးနိုင်​မလား"

ခ​ယောင်းစံအိမ်​က သူမတို့မြို့က​လေးတွင်​ နာမည်​ကြီးစံအိမ်​ဖြစ်​သည်​ မြို့အစွန်​နား​ ကုန်းမြင့်​တစ်​ခု​ပေါ်တွင်​သီးသီးသန့်​သန့်​ ​ဆောက်​ထားကာ ​​လေးဘက်​​လေးတန်းဆူးပင်​များပြည့်​​နေ​သော​ကြောင့်​ ခ​ယောင်းစံအိမ်​ဟု ​အမည်​တွင်​ခြင်းဖြစ်​သည်​ ထိုခ​ယောင်းစံအိမ်​တွင်​ လူမ​နေ​တော့တာကြာလှပြီဖြစ်​​သော​ကြောင့်​ သူမအံ့သြသွားမိသည်​ ထိုခ​ယောင်းစံအိမ်​နှင့်​ပတ်​သတ်​၍ သဘာဝလွန်​ ​ကောလဟာလများကြားရ​သော်​လည်း သူမ မယုံခဲ့ အခုလို ခ​ယောင်းစံအိမ်​အ​ကြောင်း​မေးမြန်းစုံစမ်းလာ​သောအခါ သူမ၏ သိချင်​စိတ်​များတဖြည်းဖြည်းများလာ​တော့သည်

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Jun 02, 2016 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

ကြက်​​ခြေခတ်​Tahanan ng mga kuwento. Tumuklas ngayon