"မင်းက အတိတ်မှာ ကျန်နေခဲ့တာပဲ...မိုးဝေ"
ဒါ အမြဲ တွဲသွားတွဲလာ အရင်းနှီးဆုံး သူငယ်ချင်းရဲ့ ဝေဖန်သံ....
အတိတ်မှာ ကျန်နေခဲ့တယ်တဲ့...
တကယ်တမ်းက ငါကိုယ်တိုင်က အတိတ်မှာ ကျန်နေခဲ့တာလား? မင်းက အတိတ်ကြိုးနဲ့ ရစ်ပတ်ပြီး ငါ့ကို အတိတ်ထဲ ဆွဲချနေတာလား? ငါမေးချင်တယ် "လမင်းငယ်"......။
"လမင်းငယ်" တဲ့ ....ဒါငါ တိတ်တခိုး ပေးခဲ့တဲ့ မင်းအတွက် နာမည်လေး....။
မင်းအတွက် ရှိခဲ့တဲ့ ငါ့ရဲ့ တိတ်တခိုးတွေ ထဲက ပထမဆုံး.....
လက်လှမ်းဖို့ခက်တဲ့ နေရာက ငါ့ရဲ့ "လမင်းငယ်"....။
တခါမှ အပြစ်မတင်ဖူးပေမယ့်... ငါမလွတ်မြောက်နိုင်တာ အတိတ်ထဲ မင်းဆွဲဆွဲချနေလို့လို့ ပထမဆုံးနဲ့ နောက်ဆုံး ငါအပြစ်တင်လိုက်တယ် ။
"နင်မရှိရင် ငါတော့ ဒုက္ခပဲ မိုးဝေ"
တိတ်တခိုးလေးဟာ .... ငါ့အတွက် တိတ်တခိုးမျှော်လင့်ချက်တွေ အုံနဲ့ကျင်းနဲ့ ယူဆောင်လာတယ်!
ငါမင်းအတွက် ..... နှင်းပွင့်တွေ လက်ဆောင်ပေးချင်လိုက်တာ "လမင်းငယ်" ....။
ရူးရူးနှမ်းနှမ်း ဖြည့်စည်းပေးချင်တဲ့ ငါ့ဆန္ဒတွေကြောင့် ငါသိပ်များဈေးပေါနေလား?
မင်းမသိနိုင်တဲ့ ငါ့ရဲ့ တိတ်တခိုးတွေထဲမှာ မင်းကို ချစ်တဲ့ အချစ်တွေ ပြည့်ကျပ်လို့ ပေါက်ကွဲထွက်တော့မယ်......။
ဒါပေမယ့် "လမင်းငယ်" ငါ ဘာကိုယုံပြီး ပုံအောရမလည်း?
ငါရူးချင်ယောင်ဆောင်ထားပေမယ့် မင်းမျက်ဝန်းတွေ လားရာကို ငါဖတ်တတ်နေခဲ့တာ ခက်တယ်....။
အတိတ်တခုရဲ့ အစဟာ အဆုံးသတ်နဲ့ ထပ်တူမကျဖူး....။
ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ "လမင်းငယ်" ဟာ.....အစထဲက ငါ့နားမှာ မရှိခဲ့တာ ကြိုသိခဲ့ဖို့ကောင်းတယ်....။
