ပတ်ပတ်လည် မြူမှုန်များဖြင့်ရစ်ဝိုင်းနေသော
မလင်းမမှောင် ရေကန်ကြီးတစ်ခု ၏အလယ်
သောင်ထွန်းနေသော နေရာ၌ ထီးထီးမားမား
ရပ်တည်နေသော နှစ်ချို့ချယ်ရီပင်ကြီးတစ်ပင်
အထီးကျန်စွာ တည်ရှိလျက် ပွင့်ဖတ်များကလည်း
ရေကန်ကြီးအတွင်းသို့ တစ်ဖြုတ်ဖြုတ်ကြွေစင်းလျက်ထိုချယ်ရီပင်ကြီး၏ အောက်တွင်
ဗျတ်စောင်းတစ်ခုကို ကျွမ်းကျင်စွာတီးခတ်နေသော
လူတစ်ယောက် မဟုတ်သေးဘူး လူမဟုတ်သော
လူတစ်ယောက်ဆံနွယ်များက လေထဲတွင် လွှင့်ပါးလျက် အဖြူရောင်
ဝတ်ရုံရှည်များကလည်း လေထဲတွင် လှပစွာ ယိမ်းနွဲ့နေကြသည် အဖြူရောင် လက်သွယ်သွယ်
တစ်စုံက ဗျတ်စောင်းရဲ့ ကြိုးများကို လွမ်းဆွေးဖွယ်
သံစဉ်တစ်ခုထွက်ပေါ်လာရဖို့ ဖော်ကြူးနေသည်မျက်နှာတစ်ဝက်ကို ပါးလွှာသော ပုဝါပါးတစ်ခု
အုပ်ထားပေမယ့် ထိုသူ၏မျက်နှာကို
မှန်းဆနေနိုင်သည် လက်များကသာ စောင်းကြိုးကို
တီးခတ်ဖော်ကြူးနေပေမယ့် ထိုသူ၏မျက်လုံးများက
အရည်လဲ့နေစွာဖြင့် မြူမှုန်များဆိုင်းနေသော
အဝေးတစ်နေရာကို ငေးမောနေလေသည်
မျက်တောင်တစ်ချက်ခတ်လိုက်တိုင်း
မျက်ဝန်းမှ အရေကြည်လေးများက
ဖုံးအုပ်ထားသော ပုဝါပါးကို ဖြတ်ကျော်ကာ
ဗျတ်စောင်းပေါ်သို့ ဟိုတစ်စက် ဒီတစ်စက်သို့ပေမယ့် မျက်လုံးများနှင့် ဆန့်ကျင်လျက်ပင်
ပုဝါပါးအောက်ရှိ နှုတ်ခမ်းလေးက လှပသော
အပြုံးတစ်ခုကို ဖော်ဆောင်လျက်ပင်ပို၍ထူးခြားသည် က စောင်းတီးနေသော
ထိုသူ၏ လက်တစ်ဖက်စီကို ကြီးမားလှသော
သံမဏိကြိုးများဖြင့် ရစ်ပတ်ကာ ချည်နှောင်ထားခြင်းပင်ထိုသူ၏ဘေးတစ်ဖက်စီတွင် အဖြူရောင် နှင်းကျားကြီး
နှစ်ကောင်က ရိုကျိုးစွာ ထိုင်နေလျက်
ထိုသူအားငေးမောနေကြသည်ထို သူ
ထိုသူက လူပေလော
သို့တည်းမဟုတ်
မကောင်းဆိုးဝါးလော
ထိုသူ
ထိုသူက ဝမ်းနည်းနေသည်လော
သို့တည်းမဟုတ်
ပျော်ရွှင်ဝမ်းမြောက်နေသည်လော
ိထိုသူ
ထိုသူက အပြစ်သားသည်လော
သို့တည်းမဟုတ်
ချစ်သူ၏ စွန့်ပစ်ခံရသော အပယ်ခံပေလော
TBC
ရေးရမှာလားရေးရဘူးလားဟင်
ဝေဖန်ပေးပါဦး reader တို့ သဘောမကျဘူးဆို
ပြန်ဖျက်လိုက်ပါ့မယ် cm လည်းပေးနိုင်သလို
author acc မှာလည်း လာပြီး ဝေဖန်နိုင်ပါတယ်နော်
please ဝေဖန်ချက်လေးတွေတော့ လိုချင်မိတာပေါ့
ဟီးးးးးးးးး
