"စိတ်မဆိုးပါနဲ့လို့....Myeon ကလဲ..."
နှုတ်ခမ်းလေးထော်၍ ageyo တွေလုပ်ပြနေသော Yixing မျက်နှာမှမထောက်၍ Kim Junmyeon တယောက် ရွှေစိတ်တော်ညှိုးကာ ဆိုးတော်မူနေလေသည်.......။
"Myeon...စိတ်ဆိုးတော့ဘယ်လိုနေရမှာလဲလို့..."
ထော်ရလွန်းသဖြင့် Yixing နှုတ်ခမ်းသည် ဘဲကပင် အဖေခေါ်ရတော့မည် သူကတော့ တုတ်တုတ်မျှမလှုပ်....အနုမြူဗုံးသူ့အပေါ်တည့်တည့်ပစ်ချလျှင်ပင် ထပြေးမည့်ပုံမပေါ်.....
ဘာမဟုတ်တာလေးကို စိတ်ဆိုးနေတာ....
ချစ်လွန်းလို့ စလိုက်တာလေးရယ်ပါ....😭😭😭
စပုံကလဲနည်းနည်းပါ....😁😁😁😁
"Yixing.....ငါမရှိတော့ရင် မင်းဘယ်လိုနေမလဲ..."
စားရင်းသောက်ရင်း ကြည့်ဦး....အစမရှိအဆုံးမရှိ......မေးပုံကလဲ.....
"ဘာကိုဘယ်လိုနေရမလဲ...."
"ဟာ....Yixing....ကလဲ....Myeon သေသွားရင်ဘယ်လိုနေမလဲလို့......"
"ဖူး..."
သောက်လက်စရေတို့သည် အပြင်သို့တလဟော......
"Myeon ကဘာလို့သေရမှာလဲ..."
"အေးလေ....အဲ့ဒါကြောင့် တကယ်လို့လို့ပြောတာ..."
"အင်း...."
Yixing ခနစဉ်းစားနေသည်.......Junmyeon ၏မျက်ဝန်းအစုံတို့သည် မျှော်လင့်ခြင်းတို့နှင့်ပြည့်နှက်လျှက်......
ချစ်သူ၏မိမိအပေါ်စိတ်ထားကိုသိချင်လှနေပေသည်.....
ချစ်သူ....။
ဟုတ်ပါသည်....Yixing နှင့် Junmyeon ချစ်သူဖြစ်သည်မှာ သုံးနှစ်နီးပါးရှိနေပါချေပီ......Xing ကလဲ အသဲခိုက်အောင်ချစ်သလို Myeon ကလဲ အသဲနင့်အောင်ချစ်ပါပေသည်......အဲ....တခါတလေ စိတ်ဆိုးလို့ တလလောက်စကားမပြောကြတာကလွဲရင်ပေါ့....တခြားအချိန်တွင် တည်ငြိမ်သလောက် သဘောကောင်းသော Junmyeon သည် စိတ်ကောက်ချိန်တွင်တော့ထိုသို့မဟုတ်ပေ.....အလွန်ကြောက်ဖို့ကောင်းလှသည်.....ကြောက်ဖို့ကောင်းသည်မှာလဲ အခြားမဟုတ်.....လက်နဲ့ထုရိုက်တာထိုးတာတို့ထက် ဆိုးဝါးလှသည်.....ထိုသို့လုပ်လို့ ခနလေးနှင့်သာ စိတ်ဆိုးပြေမည်ဆိုလျှင် ကျတော် ခံနိုင်ပါသည်....သို့သော် သူစိတ်ဆိုးသည်ကဒီလိုမဟုတ်....နှူတ်ခမ်းအားရှေ့သို့တတောင်လောက်ထော်ကာ စကားမပြော....မလှုပ်မယှက်နှင့် တောင့်တောင့်ကြီးကောက်နေခြင်းကြောင့် ကျတော် Zhang Yixing သိပ်ကြောက်ရပေသည်...........ချော့နေသည့် ကျတော်သာ ပါးစပ်အမြှုပ်တစီစီထ၍သေသွားလျှင်သေသွားမည်.......Kim Junmyeon ကတော့ လှုပ်လာမည်မဟုတ်ပေ.....
YOU ARE READING
Only You
FanfictionFor @XingHo_PALACE one month anniversary ^_^ Hope you guys enjoy... One short...