P 9

45 5 1
                                    

နောက်ဆုံးဖြစ်တဲ့ ဒီ အပိုင်းလေးကတော့ Post Break up ဖြစ်ပြီး အရာအားလုံးကိုကျော်လွန်ခဲ့ပြီးနောက် သူ့ ရဲ့ အခြေအနေကို ဖော်ပြထားပါတယ်. နေမင်းကြီးထွက်လာတာဟာ နေ့ သစ်တစ်နေ့ ရဲ့ အစလို့ အဓိပ္ပါယ်ရ ပါတယ်

အမှောင်ထုတွေပျောက်ကွယ်သွားပြီး... အလင်းသစ်တစ်ခု ထွက်ပေါ်လာသလိုမျိုး...Taemin ဟာ စိတ်သစ်လူသစ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ အဖြူရောင်ဝတ်စုံလေးနဲ့ ရေပေါ်မှာကနေပါတယ်...

သူက အချိန်ကြာကြာသူ့ အနားရစ်ပတ်နေတဲ့ အဆိုးတွေအားလုံးဆီက လွတ်မြောက်လာနိုင်ခဲ့ပါပြီ...

ရေ နဲ့ ကောင်းကင်ဟာလည်းပဲ ငြိမ်းချမ်းခြင်းနဲ့ တည်ငြိမ်မှုကိုဖော်ပြနေပါတယ်

Taemin အနောက်က ကျောက်ဆောင်ကြီး ၂ခုက
Ying and Yang လိုမျိုးသဘော သက်ရောက်နေပြီး... ထူးဆန်းစွာနဲ့ ဝက်ခေါင်းလိုမျိုးနဲ့ တောင်တူနေပါသေး တယ်...Chinese Zodiac signs မှာ ဝက်ဆိုတဲ့ သဘောဟာ စစ်မှန်ခြင်း... ရိုးသားဖြောင့်မတ်ခြင်းလို့ ဆိုပါတယ်...

နောက်ဆုံး အနှစ်ချုပ်ပြောရမယ်ဆိုရင် အဖြစ်အပျက်တွေအကုန်ပြီးဆုံးသွားချိန်မှာ Taemin ရဲ့ အတွင်းစိတ်ဟာ သူတစ်ချိန်လုံးခံစားလာခဲ့ရသမျှ စိတ်ဆင်းရဲစရာတွေ... Stress တွေ Pressure တွေ နာကျင်မှုတွေဆီကနေ တဖန်လွတ်မြောက်သွားနိုင်ခဲ့ပါပြီ...

ဖတ်ပေးတဲ့ အတွက်
အားလုံးကို ကျေးဇူးတင်ပါတယ်

Translation ဖြစ်တဲ့အတွက်ကြောင့် အမှားပါရင် ခွင့်လွှတ်ပေးပါနော်...
Eng MTV expanation ကို @Bumjiki ကို Credit ပေးပါတယ်...
သူလုပ်ပေးလို့ ကိုယ်တွေလဲ သိရတာကိုနော်.. xD ^^

You've reached the end of published parts.

⏰ Last updated: Jul 10, 2016 ⏰

Add this story to your Library to get notified about new parts!

Taemin - Sayonara Hitori MV explanationWhere stories live. Discover now