မျက်​ရည်​မိုးနဲ့အပြိုင်​..၁၉(ဇူလိုင်​)

226 10 3
                                    

မနက်ခင်း မစူးမရှနေရောင်ခြည်ကြားမှာအုပ်စိုင်း
မှိုင်းညို့လွန်းလှတဲ့တိမ်ညိုတိမ်စိုင်တွေဟာ
အဆုပ်လိုက်တစ်စု အပြန့်လိုက်နဲ့တစ်စုနဲ့
အုံ့ကာရစ်မှိုင်းနေတဲ့ မှိန်ဖျော့ဖျော့ကောင်းကင်ကြားမှာ
အားမပါ ညိုးငယ်ချင်းအသွင်နဲ့လွင့်မျောကူးခတ်နေ
ကြတယ်။

တစ်ဖြောက်ဖြောက်နဲ့ မြေပြင်ပေါ်ကိုတစ်ပေါက်ချင်း
သက်ဆင်းနေတဲ့မိုးရေစက်လေးတွေဟာ...
တိမ်ညိုတွေရဲ့မျက်ရည်တွေများလား...

ရာသီဥတုအနေအထားက
လွမ်းလွမ်းဆွတ်ဆွတ်မျက်ရည်မိုးနဲ့မို့...
၁၉(ဇူလိုင်)ဆိုတဲ့အာဇာနည်နေ့ကိုပိုပြီးသက်ဝင်
လှုပ်ရှားစီးဆင်းသွားစေတယ်။

"နှးစ်လကြာရှည် အခါရာသီရွေ့ပေမယ့်
အာဇာနည်နေ့ကိုဖြင့်မမေ့သင့်ပါသလေ
.
.
.
အများပြည်သူတွေ..အများကြည်သူတွေ
အာဇာနည်နေ့ကိုလေ
ရှေးရှုကာပဲ...အလေးပြုပါတယ်လေ"

အဆိုတော်မေလှမြိုင်ရဲ့လွမ်းဆွတ်ဂရုဏာသံ
အပြည့်ပါတဲ့ဝမ်းနည်းဖွယ်ထိုသီချင်းလေးက
၁၉(ဇူလိုင်)ဆိုတဲ့ဒီနေ့ဒီရက်မှာ ပြည်သူတွေရဲ့ရင်ထဲကိုအထိနာစေမယ့်ခဲတစ်လုံးပစ်ချလိုက်သလိုပါပဲ။

အော်...အာဇာနည်နေ့ရောက်တိုင်းရောက်တိုင်း
မဟောင်းနွမ်းတဲ့ရင်တွင်းခံစား ဝမ်းနည်းမှုတွေ
ယူကျုံးမရဖြစ်မှုတွေ နှမြောတသမှုတွေကိုပြည်သူ
ပြည်သားတိုင်းရင်နဲ့မမျှအောင်ခံစားကြရတယ်။

သူချစ်တဲ့ပြည်သူတွေကျွန်တွင်းကလွတ်မြောက်ဖို့
တိုင်းပြည်ရေးထဲစိတ်နှစ်ရင်း...မွေးမိခင်ကိုမချစ်ရောင်
ပြ။ရထားကြီးထွက်သွားတော့မှ မိခင်ကခွဲခွာသွားပြီ
ဆိုတာသိတော့၊ရထားစင်္ကြံမှာဒူးထောက်ကာငိုကြွေး
ခဲ့တဲ့ဗိုလ်ချုပ်။

သူချစ်တဲ့အိမ်သူသက်ထားကိုသူ့ရင်ထဲနေရာမပေး
သား၊သမီး ဘေးနားတီတီတာတာချော့မြူဖို့အချိန်မရှိ
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသွားရင်စာပဲရေးတော့
မယ်လို့ပြောခဲ့တဲ့ဗိုလ်ချုပ်...

ယုံကြည်သူရဲ့သစ္စာဖောက်မှုကိုခံခဲ့ရလို့...
သူ့ခန္ဓာကိုယ်အနှံ့ကျည်တွေဖောက်ဝင်ခဲ့ရတယ်

လွတ်လပ်ရေးအတွက်
အသက်ပေးပြီး
တိုက်ပွဲဝင်ခဲ့တဲ့..
ငါတို့ရဲ့
ဗိုလ်ချုပ်ဆိုတာလေ
ရာဇဝင်သမိုင်းထဲမှာ
သူခိုးမဟုတ်ဘူး။
ဓားပြမဟုတ်ဘူး။
သူပုန်မဟုတ်ဘူး။

အမိနိုင်ငံကိုကျွန်အတွင်းမှဆင်းကယ်အသက်ပေးခဲ့တဲ့
မြင့်မြတ်တဲ့သူ။ပြည်သူတွေအတွက်မကြောက်မရွံ့တိုက်ပွဲဝင်ခဲ့တဲ့သူ။

သမိုင်းဆိုတာညာမရဘူး
ဖျောက်ဖျက်လို့မရဘူး
ဖုံးဖိထားလို့မရဘူး

သမိုင်းကိုသွေးနဲ့ရေးခဲ့တဲ့သူမို့ပြည်သူတွေရဲ့ရင်ထဲမှာ
အစားထိုးမရတဲ့နိုင်ငံ့အာဇာနည်၊လွတ်လပ်ရေးတိုက်ပွဲရဲ့ သူရဲကောင်းပါ။

နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းကိုခပ်ရိုင်းရိုင်းရေးသားခဲ့တဲ့
တိုင်းပြည်ရဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းဟာသမိုင်းကပေးအပ်ခဲ့တဲ့ ပြည်သူတွေရဲ့လူထုခေါင်းဆောင်ပါ။

ဟန်မဆောင်တက်ပြတ်သားသူ၊ကိုယ်ကျိုးမရှာ
စည်းစိမ်မမက်မော၊သူ့ကိုယ်ရေးကိုယ်တာထက်
တိုင်းပြည်အရေးကိုအသက်သေတဲ့အထိဦးစားပေးခဲ့သူ။

ပြည်သူတွေရဲ့ရင်ထဲမှာ
ဗိုလ်ချုပ်ဆိုတဲ့ကြယ်တစ်ပွင့်ဟာ
ဘယ်တော့မှအရောင်မမှိန်...
ကြယ်မကြွေပဲ
ထာဝရလင်းကာ
တောက်ပနေမယ့်
နိုင်ငံဇာနည်
မျိုးကောင်းကြယ်တစ်ပွင့်မို့
ဂုဏ်ပြုသင့်ထိုက်
ဂုဏ်ပြုအပ်သော
၁၉(ဇူလိုင်)အာဇာနည်နေ့အား
စိတ်ဝယ်ရင်တွင်းဥသြသံရှည်၊
အတွေးပြုကာ ၊ရှေးရှုလျက်
အစဉ်မမေ့၊အလေးပြုပါတယ်လေ။
.
.
.
.
.
အာဇာနည်ခေါင်းဆောင်ကြီးတွေ
ကောင်းရာသုကတိရောက်ပါစေ။

ဇူလိုင်၁၉ မှာကျရောက်သောအာဇာနည်နေ့အား
ဤစာဖြင့်အလေးပြုဦးညွတ်အပ်ပါသည်။

အမှားပါသွားခဲ့ရင်တောင်းပန်ပါတယ်နော်။

အ​တွေး​စိတ်​ကူးများနှင့်​ ရသ၊ဇာတ်​လမ်းတို​လေး​များWhere stories live. Discover now