"ကြယ်ကြွေသောကောင်းကင်မှာ..ကျန်ရစ်ခဲ့တဲ့ကြယ်ကလေး"
(၁)
"မနီကလေးဘယ်ကလာ
အိမ်ကထွက်လို့လာ
မနီကလေးဘယ်ကိုသွား
စာသင်ကျောင်းကိုသွား
စာသင်ကျောင်းကဘာတွေသင်
စာရေးစာဖတ်သင်
စာရေးစာဖတ်ဘာလုပ်ဖို့
မနီကလေးလိမ်မာဖို့”
.
.
"မနီကလေး လိမ်မာပြီးသားပါမေမေ
မနီကလေးမဆိုးပါဘူး"ဒါကတော့မနီကလေးကျောင်းကပြန်လာတိုင်းမနီလေး
ရဲ့မေမေကအမြဲတမ်းခရီးဦးကြိပြု၍ရွတ်ဆိုပြတက်သည့်
ကဗျာလေးတစ်ပုဒ်။ဒီကဗျာလေးဆုံးတိုင်းဆုံးတိုင်းမှာ
မနီကလေးကမလိမ်မာလို့ကျောင်းကိုပို့ခံထားရတဲ့ကလေး
မဟုတ်ဘူးဆိုတဲ့အကြောင်းကိုကဗျာလေးအဆုံးသတ်သွား
တိုင်းမပီကလာပီကလာနှင့်အမြဲချေပတက်သည်။ထိုအခါတွင်မနီလေးရဲ့မေမေကသဘောကျစွာရီရင်း
"မေ့သမီး မနီလေး စိတ်ကောက်သွားပြီ..စိတ်ဆိုးပြေ
အောင်မွှေးမွှေးပေးမယ်”ဟုဆိုကာမနီလေးရဲ့ဖောင်း
ကားပြည့်ဖြိုးနေတဲ့ဝဝကစ်ကစ်ပါးပြင်လေးတွေကိုဘယ်
တစ်ပြန်ညာတစ်ပြန်အားရပါးရနှစ်နှစ်ခြိုက်ခြိုက်နမ်းရှုံ့
တက်သည်။မနီလေးသတိထားမိတယ်..မနီလေးတစ်နှစ်တစ်ခါအ
ရွယ်ရောက်လာတိုင်း ကာရန်တွေအဓိပ္ပါယ်တွေမတူညီတဲ့
ကဗျာအသစ်အသစ်တွေကိုမနီလေးနှစ်တိုင်းဆိုဆို
လာရတယ်ဆိုတာပါပဲ......မနီလေး ကလေးဘဝ၊မေမေ့ရဲ့နို့ရည်ကိုသောက်စို့ပြီး
မေမေ့ရင်ခွင်ထဲ လက်မလေးစုပ်တက်စအရွယ်၊
မနီလေးကိုရင်ခွင်ထဲပွေ့ပိုက်ထားပြီး၊ပြုံးရွှင်ပျော်မြူး
တဲ့အမူအယာတွေနဲ့ လက်ဖဝါးကိုဆန့်ပြလိုက်၊ဆုပ်ပြ
လိုက်လုပ်ရင်း"ချိုမှိုင်မှိုင် ချိုမှိုင်မှိုင်"ဆိုတဲ့ကဗျာလေး
ကိုမနီလေးမေမေကမနီလေးကိုချော့မြူရင်းဆိုပြ
တက်သည်။
YOU ARE READING
အတွေးစိတ်ကူးများနှင့် ရသ၊ဇာတ်လမ်းတိုလေးများ
SaggisticaNoN...(Fan Fic ) အိမ်ကအမေကျိုပေးတဲ့ငါးပိရည်လေးကိုလွမ်း တယ်...ဆင်းရဲလို့ဖွယ်ဖွယ်ရာရာမစားနိုင် ပေမယ့်..ချဉ်ပေါင်ဟင်း ရည်ကျဲတစ်ခွက်၊ငါးပိရည်ကျို တို့စရာနဲ့ဆို ကျွန်တော်တို့မောင်နှမခေါင်းမွှေးနီ သုံးယောက်ဟာခေါင်းချင်ဆိုင်ဝါးတီးစွဲတော့တာ။ ခေါင်းမဖော်စတမ်း...